အပိုင်း(၆)

9.6K 831 14
                                    

[Unicode]

ဝမ်ရိပေါ်အပြင်ထွက်သွားတော့မှာကို သိလိုက်တာနဲ့ ရှောင်ကျန့် အိပ်ရာကနေချက်ချင်းထပြီး သူ့ကိုတားလိုက်သည်...ဝမ်ရိပေါ်က သူ့ဝတ်ရုံစကိုဆွဲထားတဲ့ ရှောင်ကျန့်လက်ကိုကြည့်ပြီး "ကိုယ်တော့်ရဲ့ဧကရီက ကိုယ်တော့်ဆီက ဘာလိုချင်လို့လဲ" ရိပေါ်ရဲ့အမေးကြောင့် ရှောင်ကျန့်သိချင်သွား၏ သူ့ရှေ့မှာရပ်နေတဲ့ဒီလူက ဘုရင်အစစ်ရောဟုတ်ရဲ့လားဆိုတာကို..ဒါမှမဟုတ် သူတို့က လူတွေကိုဒီမှာ အဲ့လိုပဲခေါ်ကြတာလား..( T. N -ရိပေါ်က ကိုယ်တော့်ရဲ့ဧကရီ ဆိုပြီးပြောလိုက်တော့ ရှောင်ကျန့်ကသိချင်သွားတာပါ )  ရှောင်ကျန့်ရဲ့ရှုပ်ထွေးနေတဲ့ အမူအရာကို ရိပေါ်သတိထားမိလိုက်သည် "ကိုယ်တော့်ရဲ့ဧကရီအဆင်ပြေရဲ့လား...ကိုယ်တော့်မှာအရေးတကြီးလုပ်စရာရှိသေးတယ်" ရိပေါ်ထပ်ပြောလိုက်တဲ့စကားကြောင့်    တွေဝေနေတဲ့ရှောင်ကျန့်က မျက်လုံးလှိမ့်လိုက်သည်....

"ငါက မင်းရဲ့ဧကရီပါ...ပြီးတော့မင်းငါ့ကိုကိုယ်ဝန်ရအောင်လုပ်ခဲ့တယ်..မင်း တာဝန်ယူတတ်တဲ့ဘုရင် မဖြစ်သင့်ဘူးလား..အခုတော့ကြည့်ပါဦး..မင်းကတာဝန်မဲ့တဲ့ခင်ပွန်းတစ်ယောက်လိုပြုမူနေတယ်" ဟုရှောင်ကျန့်ကပြောလိုက်သည်....ဒါပေမဲ့ ရိပေါ်ကသူ့ကို အိပ်ရာပေါ်ကို တွန်းချလိုက်တော့  ရုတ်တရတ်အော်မိသွားတယ်...Ningကတော့ ဧကရီ့အခန်းထဲကနေထွက်သွား‌လေသည်

"မင်းဘာပြောလိုက်တာ.....မင်းအခုပြောတာကိုပြန်ပြောလိုက်စမ်း..." ရှောင်ကျန့်တစ်ယောက် သူ့ရဲ့အားနေတဲ့လက်တစ်ဖက်ကိုသုံးပြီး ရိပေါ်ရဲ့မျက်နှာကို ဖုံးအုပ်လျက် လှောင်ပြုံးပြုံးလိုက်သည် ဒီအပြုအမူက ရိပေါ်ကိုအာရုံပြောင်းသွားစေသည်...ပြီးတော့ ရှောင်ကျန့် တခစ်ခစ်ရယ်လိုက်ပြီးရိပေါ်ကို အိပ်ရာပေါ်တွန်းချလိုက်သည်..ထို့နောက် သူ့ဗိုက်ပေါ်မှာ ကျေကျေနပ်နပ်ကြီးထိုင်ချလိုက်တယ်..

"ကျွန်တော်တို့ အိပ်ရာပေါ်မှာနပန်းလုံးနေပုံနဲ့ တူတယ်နော် ....ကျွန်တော်လုံးဝအဆင်သင့်ဖြစ်နေပြီ...ကြိုးစားထား...အရှင်မင်းကြီး"  ရှောင်ကျန့်ဂုဏ်ယူစွာပြန်ဖြေလိုက်သည်..ရိပေါ်တစ်ယောက် သူ့ကိုကြည့်ပြီးခေါင်းရမ်းလိုက်တော့သည်....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now