အပိုင်း(၂၇)

5.4K 488 8
                                    

[Unicode]

ရှောင်ကျန့်တစ်ယောက် ချိုမြိန်တဲ့အစာသွပ်မုန့်အနံ့လေးကိုရတဲ့အချိန်မှာ သူအော်နေတာကိုရပ်လိုက်၏.... ဝမ်ယွမ်ရဲ့အကူအညီနဲ့ ရှောင်ကျန့်ထလိုက်ပြီး အနံ့ရရာနောက်ကိုလိုက်သွားသည် ထို့နောက် ရှောင်ကျန့်ကိုမုန့်ယူပေးဖို့ တာဝန်ပေးခံထားရတဲ့ မိစ္ဆာဆီမှမုန့်ကို ရှောင်ကျန့်ယူလိုက်သည်... ရှောင်ကျန့်တစ်ယောက် ထိုမိစ္ဆာကို သူခိုးတစ်ယောက်လိုမျိုး စေ့စေ့စပ်စပ်ကြည့်နေလေသည်... သူ ဂရုတစိုက်နဲ့ အစာသွပ်မုန့်တွေကိုဖွက်လိုက်ပြီးနောက် ဝမ်ယွမ့်ကိုခေါ်ဖို့မေ့သွားကာ ထွက်သွားလေသည်....

"မင်းရဲ့အမေက သူလိုချင်တာလဲရပြီးရော မင်းကိုမေ့သွားပြီထင်တယ်" နဂါးနီ‌လေးက ဝမ်ယွမ့်နောက်မှာပေါ်လာကာ ပြောလေသည်... ဝမ်ယွမ်တစ်ယောက် နောက်လှည့်ကာ နဂါးကိုကြည့်လိုက်သည် ထို့နောက် မျက်လုံးလှိမ့်ကာ သူ့ကိုနှောက်ယှက်နေတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာနဂါးကို လျစ်လျူရှုလျက် ထွက်သွားလေ၏... ရှောင်ကျန့်က သူအကြိုက်ဆုံးအစာသွပ်မုန့်တွေကိုရလိုက်တယ်ဆိုတဲ့ သတင်းကောင်းကို ရိပေါ်အားပြောဖို့ ဘုရင့်နန်းဆောင်ကိုသွားလေသည်... သူနန်းဆောင်ထဲကိုဝင်တော့မယ့်အချိန်မှာပဲ အပြာရောင်အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာပေါ်လာပြီး စူးရှတဲ့နာကျင်မှုတစ်ခုကို သူ့ဝမ်းဗိုက်မှာခံစားလိုက်ရလေသည်...

ဝမ်ရိပေါ်ဆူညံသံတွေကိုကြားလိုက်သည်... အတွင်းအားရှိတဲ့ဘယ်သူမဆို ဘာတွေဖြစ်နေလဲဆိုတာ ချက်ချင်းသိနိုင်သည်... ထိုအချိန်တွင် နန်းတော်ပတ်ဝန်းကျင်မှာဝန်းရံလာတဲ့စွမ်းအားတွေကြောင့် ဒီနေ့မွေးဖွားမည့်သူက ဘုန်းတန်ခိုးကြီးမားပြီး စွမ်းအားကြီးမယ်ဆိုတာ လူတွေသိလိုက်၏... အဲ့ဒါကိုခံစားမိတဲ့မိစ္ဆာဘုရင်ကလည်း ချက်ချင်းရောက်လာသည်... နာကျင်နေတဲ့ရှောင်ကျန့်ကို ရိပေါ်ထိန်းကိုင်ပေးလိုက်၏....

ရိပေါ် သူ့ကလေးရဲ့စွမ်းအားကိုကောင်းကောင်းသိ၏... လူသားစင်စစ်ဖြစ်ပြီး ကျင့်ကြံစွမ်းအားမရှိတဲ့ သူ့ရဲ့ဧကရီကအန္တာရာယ်ရှိနိုင်သည် အခုဆိုရင် သူကအဆိပ်ပါမိနေသဖြင့် ချက်ချင်းသေသွားနိုင်ပြီး ကလေးကပါ အသက်ရှင်နိုင်မည်မဟုတ်ပေ... ရိပေါ်နဲ့သူ့မိသားစုကကောင်းကင်ဘုံက ဖြစ်တာကြောင့် ရှောင်ကျန့်ကလေးမွေးမယ့်အချိန်ကိုကောင်းကောင်းသိလေသည်.... ကလေးက သူ့မယ်တော်ရဲ့စွမ်းအင်တစ်ဝက်ကျော်ကိုစုပ်ယူထားတာကြောင့် ရှောင်ကျန့်ခန္ဓာကိုယ်က ဘာမှမကျန်တော့ဘဲ လေထဲကိုအငွေ့ပျံသွားတော့မှာ....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now