အပိုင်း(၁၀)

8.4K 726 17
                                    


[Unicode]

ဝမ်ရိပေါ် သူ့စာကြည့်ဆောင်ထဲမှာတစ်ယောက်ထဲထိုင်နေသည်.... မိနစ်အနည်းငယ်လောက်ကြာတော့ အနီရောင်ဆံပင်တွေနဲ့ အနီရောင်မျက်လုံးတွေရှိပြီး ငါးနှစ်အရွယ်လောက်ပဲရှိမယ့်ကောင်လးတစ်ယောက်သည် ရိပေါ်ရှေ့မှာပေါ်လာ၏..

"သခင်......သခင်ကျွန်တော့်ကိုဆင့်ခေါ်တယ်" ကောင်ငယ်လေးက ပြောပြီးဦးညွှတ်လိုက်သည်... ရိပေါ် ခေါင်းမောပြီးကောင်ငယ်လေးကိုကြည့်လိုက်၏....

"ဟုတ်တယ်... ငါကိုယ်တော် မင်းကိုအရေးကြီးတဲ့တာဝန်တစ်ခုပေးစရာရှိတယ်" ရိပေါ်ပြန်ဖြေလိုက်သည်...ထိုအခါ ကောင်ငယ်လေးရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့်တောက်ပလာ၏....

"ရေး.....သခင်..ကောင်းလိုက်တာ....နောက်ဆုံးတော့သခင်ကျွန်‌တော့်ကိုအရေးကြီးတာဝန်ပေးဖို့ဆုံးဖြတ်လိုက်ပြီ!"ကောင်ငယ်လေးကအော်လိုက်သည်.... သူပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေပုံက  မသိရင် ကလေးတစ်‌ယောက်ကို သကြားလုံးပေးလိုက်တဲ့အတိုင်းပဲ...ရိပေါ်မျက်ခုံးပင့်လိုက်လေ၏...သူဒီနဂါးလေးကိုဘယ်တုန်းကမှတာဝန်မပေးခဲ့ဖူးတာကြောင့် စိတ်လှုပ်ရှားပြီးသူ့တာဝန်တောင်မေ့တော့မယ်...ရိပေါ်သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ကောင်ငယ်လေးကို အလေးအနက်ဖြစ်စေလိုက် ၏....

"ငါကိုယ်တော်မင်းကို ဧကရီ့ကိုကာကွယ်ပေးစေချင်တယ်  သူ့အဆောင်နားကိုဘယ်သူမှမလာစေနဲ့...ရှင်းလား?" ရိပေါ်ပြောလိုက်၏...မီးနဂါးလေးကတာဝန်ကိုလက်ခံလိုက်သည်...

"ဟုတ်ကဲ့...သခင်  ကျွန်တော်အခုပဲသွားလုပ်လိုက်မယ်"နဂါးလေးကဖြေပြီးတာနဲ့ပျောက်သွားလေသည်...သူက ကြာပန်းနန်းဆောင်မှာ အစောင့်တွေထပ်တိုးထားပြီး ဧကရီ့ကိုအပြင်မထွက်ဖို့ပြောထားပေမဲ့လည်း သူစိုးရိမ်နေတုန်းပဲ...ဧကရီ့ကိုသတ်ဖို့ကြိုးစားတဲ့လူက လွတ်မြောက်သွားပြီး လျှို့ဝှက်ကိုယ်ရံတော်တွေကလည်း မဖမ်းလိုက်နိုင်ခဲ့ဘူး.... သူတို့ပြောတာက အဲ့ဒီ့လူသတ်သမားရဲ့ ပျံနိုင်စွမ်းနဲ့ အမြန်နှုန်းကထူးခြားတယ်လို့ပြောတယ်....

မီးနဂါးက နှစ်ထောင်ချီကြာအောင် လေ့ကျင့်ပေးထားတဲ့နဂါးတစ်ကောင်ဖြစ်သည်..သူ့လူသားပုံစံက ကလေးပဲရှိသေးပေမဲ့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကတော့ တော်တော်လေးကောင်းတယ်..သူက ကောင်ငယ်လေးကို အရမ်းစိုးရိမ်ရတဲ့အခြေအနေဖြစ်မှသာဆင့်ခေါ်လေ့ရှိတာ...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now