Cha-45

6.6K 1.2K 17
                                    

[Unicode]

ဟော်ချွီလေသံမှာအလွန်တရာကိုလေးနက်စစ်မှန်နေခဲ့သည်။သူဖွင့်ဟဆိုလိုက်တဲ့စကားလုံးတွေတိုင်းဟာ အရိုးခံစိတ်ရင်းမှန်ဖြင့်သူ့နှလုံးသားရဲ့နက်ရှိုင်းသောတနေရာမှထွက်ပေါ်လာသလိုရှိ၏။

ယွီချင့်ဟွမ်နှလုံးသားသည် ယားကျိကျိဖြစ်ရမှုနှင့်နာကျင်မှုတို့ကိုပူးတွဲတပြိုင်နက်ခံစားလိုက်ရသည်မှာ သေးငယ်လှသောအဖူးအညွန့်လေးတခုဟာ သူ့နှလုံးသား၏ဝဲဘက်သွေးဝင်ခန်းရှိရာနယ်နိမိတ်တခုကနေဖောက်ထွက်လာပြီး စည်းချက်မညီသောရင်ခုန်သံများကိုဖြတ်ကျော်၍ လျင်မြန်စွာကြီးထွားရင့်သန်လာသလိုပင်။

သူဟာဟော်ချွီကိုမော်ကြည့်‌နေမိရုံမှတပါး မတက်နိုင်တော့လေပြီ။ဟော်ချွှီမှာယနေ့ညတွင် နက်ပြာရင့်ရောင်ကုတ်အကျီတထည်ကိုသားသားနားနားဝတ်ဆင်ထား၏။ အရပ်ရှည်ရှည်သွယ်သွယ် ပိန်ပိန်ပါးပါးဖြင့် ချောမောလှသောမျက်နှာမှာ ငယ်ရွယ်နုပျိုဖျတ်လတ်တက်ကြွမှုတို့ဖြင့် ရုပ်ရုင်ပြခန်း၏မီးအလင်းရောင်မှိန်ဖျဖျအောက်တွင် လေးနက်တည်ကြည်ပြီးဆွဲဆောင်မှုရှိနေသည်။

ယွီချင့်ဟွမ်မှသူ့အားစိုက်ကြည့်နေတာကိုမြင်လိုက်ရသော် သူ့နှုတ်ခမ်းတွေကိုဖိပိတ်ရင်းရှက်ကိုးရှက်ကန်းဖြင့် မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်ဖြစ်လာပြီး ညာဘက်ပါးပြင်ရှိပါးချိုင့်လေးမှာထွက်ပေါ်လာတော့သည်။

ယွီချင့်ဟွမ်နှလုံးသားထဲရှိအဖူးအညွန့်လေးမှာ တခဏလေးအတွင်းမှာအာဟာရဓါတ်ကိုလုံလုံလောက်လောက်စုပ်ယူသွားနိုင်ဟန်ရှိပြီး သူ့ရင်ဘတ်အားအပြည့်အဝနေရာယူချဲ့ကားလိုက်ပြီး ဧရာမကြီးမားသောသစ်ပင်ကြီးတခုအဖြစ်ကြီးထွားရင့်သန်လာ‌တော့သည်။

ယခုအခါမှာတော့ သူ့နှလုံးသားအတွင်းဝယ် ဟော်ချွီမှလွဲရင် တခြားဘယ်သူ့အတွက်မှနေရာမရှိတော့လေပြီ။

ဒီကောင်လေးကဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းနေပါလိမ့်? သူ့အပြောအဆို အပြုအမူတွေ သူရဲ့လှုပ်ရှားမှုလေးတွေ တခုချင်းစီတိုင်းဟာအရမ်းကိုနှစ်လိုဖွယ်ကောင်း၊ဆွဲဆောင်မှုရှိတာမို့ ယွီချင့်ဟွမ်မှာ တဖက်သူဆီကနေ သူ့မျက်လုံးများကိုမခွာနိုင်လောက်အောင်ပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now