Chapter-1

6.1K 626 6
                                    

Clickဖို့ မမေ့ကြပါနဲ့ရှင့်(≧▽≦)💙
ဇာတ်ရည်လည်သွားအောင် နှစ်ပိုင်းတန်းတင်ပေးလိုက်ပါတယ်

မှန်ထဲကမိန်း‌ကလေးတွင် နူးညံ့သည့်အသွင်အပြင်ရှိပြီး သူမကိုယ်ပေါ်ကအရာအားလုံးမှာ ပြည့်စုံရုံဆိုသည်သာ။ သူမ၏မူလက တောက်ပကာဆွဲဆောင်မှုရှိသည့် အရောင်အဆင်းမှာလည်း သာမန်မျှသာဟု ခံစားရသည်။ သူမ၏အရေပြား၌ပင်လျှင် ဝါညစ်ညစ်အရောင်အဆင်းတစ်စွန်းတစ်စကို တွေ့ရသည်။ ဖုန်များအမှုန်များဖြင့် ဖုံးအုပ်ခံထားရပြီး မူလက တောက်ပသည့်အရောင်အဆင်းအား ပျောက်ဆုံးနေသည့် ပုလဲလုံးများကဲ့သို့ပင်။ မှိုင်းတိုင်းတိုင်းနှင့် သာမန်ဖြစ်နေသည်။

သူမ မှန်ကြည့်သွားပြီးနောက် နဉ့်ကျီသည် သူမ၏ဆဲလ်ဖုန်းအား ပြန်ကြည့်လိုက်သည်။ ဖုန်းထဲတွင် မူလပိုင်ရှင်၏ ဓာတ်ပုံများရှိနေသည်။ ဓာတ်ပုံများထဲက မိန်းကလေးတွင် တောက်ပသည့်မျက်လုံးများ ၊ တောက်ပြောင်သည့်သွားများနှင့် ဖြူဖွေးနေသည့်အသားအရေရှိသည်။ အကြည့်တစ်ချက်ဖြင့်ပင် မည်သူမျှ သူမထံမျှ အကြည့်ခွာနိုင်မည်မဟုတ်ပေ။

နဉ့်ကျီ မျက်မှောင်ကြုတ်လိုက်သည်။

သူမ၏ ကြန်အင်လက္ခဏာတို့မှာ လုံးဝမပြောင်းလဲသည်ကို အဘယ်ကြောင့်များ သူမသည် အရင်ကနှင့် အလွန်ကိုခြားနားနေသည့်ပုံ ဖြစ်နေရသတုန်း?

သူမ၏သံသယတို့အားဖိနှိပ်လိုက်ပြီး စံအိမ်နေရာအတွင်းသို့ မောင်းနှင်သွားသည့်ကားအား ကြည့်လိုက်သည်။

သူမ မိတ်ကပ်မှန်အား ချလိုက်ပြီး ဆဲလ်ဖုန်းကို ပိုက်ဆံအိတ်ထဲသို့ပြန်ထည့်ကာ ကားထဲမှထွက်ရန် အသင့်ပြင်လိုက်သည်။ ခဏအကြာမှာပင် တစ်စုံတစ်ယောက်သည် ကားတံခါးအား ဖွင့်ပေးပြီးဖြစ်လေသည်။

"ဒုတိယသခင်မလေး" အိမ်တော်ထိန်း ပြောလာသည်။ သူ၏အသံထဲတွင် အလျင်လိုမှုရှိနေသည် "သခင်မက မြန်မြန်လာဖို့ ပြောလိုက်ပါတယ်"

နဉ့်ကျီသည် ကားထဲတွင်ရှိနေသည့် အချိန်ကတည်းက ဖုန်းကောလ်ကို လက်ခံရရှိပြီးဖြစ်သည်။ ထို့ကြောင့် မူလပိုင်ရှင်၏ခင်ပွန်းဖြစ်သူ ဒုတိယသခင်လေးထံတွင် နောက်ထပ်ကဏ္ဍတစ်ရပ်ရှိနေပြန်သည်ကို အိမ်တော်ထိန်းထံမှ သူမ,သိပြီးဖြစ်သည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now