Chapter-29

2.6K 457 11
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

မျက်လုံးတို့ကိုဖွင့်လိုက်ရင်း နဉ့်ကျီ ဖြည်းဖြည်းချင်း စိတ်ကိုစုစည်းလိုက်သည်။

သူမ ပြန်ရောက်လာပြီဘဲ။

သူမ ဘေးတစ်ဖက်တွင် အိပ်မောကျနေသည့်လုကုအား ကြည့်မိ၏။ သူသည် ပက်လက်လှန်လျက် အနေအထားဖြင့် ငြိမ်ငြိမ်လေး အိပ်စက်လျက်ရှိသည်။ သူမသည်ကတော့ မတူပေ ၊ သူမသည် အိပ်နေသည့်အချိန်တွင် စောင်ကိုဖက်ထားရသည်ကို သဘောကျပြီး တစ်ပတ်လည်လှိမ့်နေရသည်ကိုလည်း သဘောကျသည်။

နဉ့်ကျီ အချိန်ကိုကြည့်လိုက်သည်။ ဤတစ်ခေါက်၌ သူမသည် ထိုနေရာတွင် ရက်ပိုင်းအချို့ကုန်ဆုံးခဲ့သော်လည်း အချိန်မှာ ဆယ်မိနစ်သာ ကြာသေးသည်။ သူမ သဘောပေါက်သွားရကာ ထိုနေရာတွင်နေထိုင်သည့် တစ်ရက်သည် ငါးမိနစ်နှင့်ညီမျှကြောင်း တွက်ချက်မိသွားသည်။

သူမ ထိုနေရာတွင် တစ်လကုန်ဆုံးမည်ဆိုပါက လက်ရှိအချိန်တွင် ၁၅၀မိနစ်ကြာလိမ့်မည်ပင်။ 

လုကုအသေးလေးအား ကယ်တင်သည့်အချိန်အသီးသီးမှာ မည်မျှကုန်ဆုံးလိမ့်ကို နဉ့်ကျီမသိသောကြောင့် ညအချိန်တွင်သွားခြင်းသည်သာ သူမ၏အကောင်းဆုံးအမြင်ပင်။

နောက်တစ်ရက်၌ နေအလင်းရောင် ထွန်းလင်းခါစအချိန်လေးတွင် နဉ့်ကျီ နိုးလာခဲ့သည်။

လုကုသည်လည်း သူမ,နိုးပြီးနောက် ချက်ချင်းပင် နိုးလာခဲ့သည်။ သူသည် (အိပ်ရာမှနိုးခါစ) ငေးကြောင်ကြောင်ဖြစ်နေကာ ချယ်ရီမျက်လုံးလေးများမှာ အားနည်းပုံပေါက်လျက် ရွှန်းစိုနေ၏။ သူ၏အပြစ်အနာအဆာကင်းလှသော ချောမောမှုကြီးနှင့်အတူ အလွန်ကိုမျက်စိပသာဒ ဖြစ်နေတော့သည်။

နဉ့်ကျီ အောက်ဘက်သို့ ဆက်လက်၍ အကြည့်ဆင်းလေရာ သူ၏နီပြာရောင်အပွင့်ဆင်ညဝတ်အင်္ကျီမှာ ဘွားခနဲ။ သူမခမျာ အကြည့်လွှဲလိုက်ရ၏။

ကြည့်လိုက်သည်နှင့်ပင် မျက်လုံးများအောင့်လေသည်။

လုကုမှာတော့ ထိုဟာအား သတိမထားမိချေ။ စောင်ကိုဆွဲဖယ်လိုက်ရင်း သူ၏ညဝတ်အင်္ကျီမှာ အနည်းငယ်တွန့်ကြေနေသည်ကို သတိထားမိသောအခါ ဂရုတစိုက် ပြန်ဖြန့်လျက် ဆေးကြောရန် ထသွားတော့သည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now