Chapter-69

1.4K 278 12
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

လက်တွေ့သို့ ပြန်ရောက်လာပြီး နဉ့်ကျီ ဖြည်းဖြည်းချင်း မျက်လုံးများ ဖွင့်လိုက်သည်။

ဤပြီးခဲ့သည့်ခရီးမတိုင်မီက သူမသည် ဤအရာများကို တာဝန်လုပ်ဆောင်နေခြင်းသက်သက်သာ ရှုမြင်ခဲ့သည်။ လုကုလေးမှာ သနားစရာကောင်းသလို ချစ်စရာကောင်းလှပြီး အတွေ့အကြုံတစ်ခုလုံးသည် အလွန်ကို အံ့ဩမင်သက်စရာကောင်းသည်။ 

ဤတစ်ခေါက် သူမ,ပြန်ရောက်လာပြီးနောက် သူမ၏ရင်ဘတ်ထဲတွင် စူးအောင့်နေသည့် နာကျင်မှုတစ်ခုရှိနေ၏။

အရင်တုန်းကတော့ လုကုလေးသည် သူ၏နတ်သမီးမမအား မှတ်မိနေစေရန် သူမ,ဆန္ဒရှိခဲ့သည်။ သို့သော် ယခုမူ သူ, မမှတ်မိရန်သာ သူမ,ဆန္ဒရှိတော့၏။ သို့မှသာ သူ သူမတို့ ပြန်တွေ့မည့်နေ့ရက်တို့အား လက်ချိုးရေနေရန် မလိုတော့မည်။

ညသည် တိတ်ဆိတ်လွန်းသည်။

နဉ့်ကျီ လှည့်ကာ မျက်လုံးများပိတ်ထားသည့် လုကုအား ကြည့်လိုက်သည်။ သူ၏ကောက်ကြောင်းသည် မီးမှိန်မှိန်အောက်တွင် ထင်ရှားနေပြီး သူ့တွင် ကလေးဆန်သည့် အသွင်အပြင်တစ်ခုမှ မရှိတော့။ နဖူးထက်ရှိ ဆံပင်တို့သည် နေရာတွင် ငြိမ်သက်စွာနားခိုနေသည်မှာ လုကုလေးကဲ့သို့ပင် လိမ္မာနာခံလေဟန်။

သူမ သူနှင့်နီးနီးသို့ လှိမ့်သွားလိမ့်သည်။ .

နဉ့်ကျီ ခိုးကြောင်ခိုးဝှက်ဖြင့် လက်ဆန့်ထုတ်ရင်း သူ၏ဆံပင်အား ပုတ်ပေးလိုက်သည်, ထို့နောက် နူးညံ့စွာဆိုသည် "အိပ်မက်လှလှမက်ပါစေ ရှောင်ကုကု"

နောက်တစ်ရက်တွင် ကြမ်းပြင်မှမျက်နှာကျက်ထိ ပြတင်းပေါက်မှတစ်ဆင့် နေသည် အခန်းတွင်း ဖြာလင်းလျက်ရှိသည်။ အပြာဖျော့ဖျော့လိုက်ကာများမှာ နူးညံ့သည့်လေပြေညင်းတွင် တလွင့်လွင့်။ 

နဉ့်ကျီ နိုးလာသည့်အချိန်တွင် လုကုသည့် မနက်ခင်းပြေးရန် သွားလေပြီ။ လုကု တစ်ရေးမှေးနေခြင်း သို့မဟုတ် အိပ်ပျော်နေခြင်းအား သူမ တစ်ခါတောင် မတွေ့ဖူး။ သူ၏ဇီဝဗေဒနာရီသည် အချက်ပေးနာရီထက်ပင် တိကျလေသည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now