Chapter-17

2.9K 473 16
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

လုကုလှေကားမှပြုတ်ကျသွားသည်နှင့် နဉ့်ကျီ သူရှိရာဘက်ဆီ သူမကိုယ်သူမ ပစ်ဝင်လိုက်သည်။

နူးညံ့သည့် ခန္ဓာကိုယ်သေးသေးလေးသည် သူမ၏လက်မောင်းများထဲ ကျရောက်လာ၏။

မြေပြင်ပေါ် ကျသွားသည့်အခိုက်အတန့်တွင် သူမ သူ့အား လက်မောင်းများထဲတွင် တင်းကျပ်စွာ ထွေးပိုက်ထားပြီး သူ၏ခန္ဓာကိုယ်အား သူမ၏ခန္ဓာကိုယ်ဖြင့် ခံပေးထားသည်။

ဤကဲ့သို့အရာမျိုး ဖြစ်ပွားသွားသည့်အချိန်တွင် သာမန်ကလေးမည်သူမဆို အလွန်ကြောက်ရွံ့သွားကာ အော်ဟစ်ငိုယိုကြလိမ့်မည် သို့မဟုတ် စိတ်သက်သာရာရရန်အတွက် လူကြီးတစ်ဦးထံ ပြေးဝင်သွားလိမ့်မည်ဖြစ်သည်။

တစ်ခြားတစ်ဖက်တွက်မူ လုကုလေးသည် ကြောင်အအ အကြည့်တစ်ခုဖြင့် မျက်တောင်ခတ်လိုက်ပြီး ငိုယိုမည့်ပုံစံ တစ်စက်လေးပင်မပေါက်။  

"နာသွားသေးလားဟင်? ကုကုလေး?" နဉ့်ကျီ ထွက်ပြေးသွားသည့် ကောင်လေးအား အာရုံစိုက်ရန် အချိန်မရှိ။ သူမ လုကုကိုသာ အလျင်အမြန် စစ်ဆေးလိုက်၏။ သူပြုတ်ကျသွားသည့်အချိန်တွင် သူမ သူ့အား ဖမ်းမိခဲ့သည်။ ဤတစ်ကြိမ်တွင် သူ နံရိုးတစ်ချောင်းမှ ကျိုးလိမ့်မည်မဟုတ်တော့ပါချေ။

လုကုလေးသည် ရုတ်တရတ် သူ၏လက်ချောင်းသေးသေးလေးဖြင့် နဉ့်ကျီ၏ခြေဖဝါးအား ထိုးပြရင်း ဆိုလာလေသည် "နီ ၊ နီ"

နဉ့်ကျီ ငုံ့ကြည့်လိုက်ရာ သူမ သူ့အားကယ်ရန် တဟုန်ထိုးပြေးသွားခဲ့သည့်အချိန်က သူမ၏ခြေကျင်းဝတ်မှာ အနည်းငယ် အဆစ်လွဲသွားခဲ့သည်ကို တွေ့ရှိလိုက်ရ၏။ သူမသည် လှေကားပေါ်တွင် ဝုန်းခနဲ ဒူးထောက်ကျသွားခဲ့သောကြောင့် ယခုနီရဲနေလေသည်။

ပုံမှန်အားဖြင့် သူမ၏ဒူးကဲ့သို့သော နုနယ်သည့်နေရာတစ်ခု နာကျင်သွားသည့်အချိန်တွင် သူမသည် နာကျင်မှုကို ခံစားရလိမ့်မည်။ သို့သော် ယခုမူ တစ်စုံတစ်ရာကိုမျှ မခံစားရချေ။ ဤကမ္ဘာတွင် သူမ ဆာလောင်မှုကို မခံစားရသကဲ့သို့ပင်။

"မင်းကိုကယ်ရင်းနဲ့ အစ်မကြီးရဲ့ခြေထောက်ထိခိုက်သွားပြီ ၊ နာလိုက်တာနော်" နဉ့်ကျီ အရှက်မရှိစွာပင် လုကုအား လိမ်လည်လေသည် "အခုကစပြီးတော့ အစ်မကြီးက စကားပြောနေရင် လျစ်လျူမရှုရတော့ဘူးနော် ဟုတ်ပြီလား?"

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now