Chapter-66

1.1K 264 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

လုကု နာကျင်မှုကို မခံစားရပါပေ။ သူ့နားလေးဆွဲခံလိုက်ရခြင်းမှ ယားယံခြင်းကိုသာ ခံစားမိသည်။ သူ ခေါင်းကြီးငုံ့ထားလျက် အသံတစ်စက်မှမထွက်ဘဲ နဉ့်ကျီအား ပန်းခြံဆီ သယ်သွားလေသည်။

အချိန်အကြာကြီးကြာပြီးနောက် နောက်ဆုံးတွင် ပြောလာသည် "မပြေး"

အပြင်ဘက်တွင် ပူလောင်အိုက်စပ်နေရာ ခန္ဓာကိုယ်နှစ်ခု အချင်းချင်းထိနေသောအခါဝယ် ပို၍ပင်ပူအိုက်သွားရသည်။

သူ၏ကျောထက်ရှိလူမှာ အိစက်ကာ နွေးနေသည်။ လုကုအတွက် ထူးဆန်းသည့် အထိအတွေ့ပါပင်။

ပါးစပ်စေ့ပိတ်ထားရင်း ခြေလှမ်းသွက်သွက် သွားလိုက်သည်။ နှာခေါင်းတွင် ကောင်းမွန်သည့်အနံ့လေးအား ရနေသည်။

ပန်းခြံထဲတွင် လူအများကြီးရှိမနေ။

သစ်သားထိုင်ခုံရှည်ပေါ်တွင်ထိုင်လျက် နဉ့်ကျီ သူမ၏ခြေဖဝါးအား အသာကြွလိုက်သည်။

သူမ၏ခြေထောက်သည် ဖြူဖွေးကာ နူးညံ့နေပြီး နေရောင်အောက်တွင် ပို၍ဖြူဖွေးနူးညံ့နေပုံပေါက်သည်။ အနက်ရောင်သစ်သားခုံဖြင့် သိသာစွာပင် ကွဲပြားထင်ရှားလှသည်။

လုကု သစ်သားခုံရှေ့တွင် တစ်ဝက်ထိုင်ချလျက် သူမ၏ဒဏ်ရာအား သန့်ရှင်းရန် ကူညီပေးလိုက်သည်။ 

မသေမသပ်ဖြစ်နေသော်ငြား နူးညံ့ကာ ဂရုတစိုက်ရှိလှသည်။ ဖြည်းဖြည်းချင်း သူ၏လက်ချောင်းထိပ်လေးများဖြင့် သူမ၏ဒဏ်ရာပေါ်ရှိ သဲများကို ဖယ်ချသည်။

နဉ့်ကျီ နာကျင်မှုကြောင့် ခြေထောက်အား အနည်းငယ် လှုပ်ရှားလိုက်သည်။

လုကု သူမအား မော့ကြည့်လာ၏။

"အစ်မကြီး တောင့်ခံထားပါ့မယ် ၊ ဆက်လုပ်" နဉ့်ကျီမှာ နာကျင်မှုနှင့်ပတ်သက်လျှင် အမြဲပင် သူရဲဘောကြောင်လေသည်။ ဒူးထက်တွင် ခြစ်ရာအကြီးကြီးနှင့် သွေးများတစိမ့်စိမ့်ထွက်နေလေရာ, သူမမှာ လုကုလေးရှေ့တွင် ငိုယိုနေလျှင် အလွန်ကိုရှက်စရာကောင်းသည်ဟု ခံစားရသောကြောင့်သာမဟုတ်လျှင် အခုအချိန် သူမ,မျက်လုံးများမှာ ငိုယိုရင်းနီရဲနေလောက်ပေပြီ။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now