Chapter-2

4.2K 588 4
                                    

Clickဖို့မမေ့ကြပါနဲ့နော်(≧▽≦)❤️

တစ်ခဏငြိမ်သက်နေပြီးနောက် နောက်ဆုံးတွင် နဉ့်ကျီသည် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်နိုင်သွားသည်။ သူမ စိတ်သက်သာရာမရသေးခင် သူမ၏မှတ်ဉာဏ်များမှ လုကုသည် အခန်းကဏ္ဍတစ်ရပ်ရှိနေသည့်အချိန်တွင် ကြမ်းကြမ်းတမ်းတမ်းကြီး မဟုတ်သည်ကို အတည်ပြုလိုက်ပြီးနောက် သူမ သူ့ဆီသို့ စတင်တိုးကပ်သွားတော့သည်။

အမျိုးသားသည် နာကျင်မှုအား လုံးဝမခံစားနိုင်သကဲ့သို့ ပြုမူကာ နံရံအား ထပ်ခါထပ်ခါတိုက်နေခဲ့သည်။ နံရံများအား ကာထားသည်ဆိုလျှင်တောင် သာမန်လူတစ်ယောက်သည် ထိုကဲ့သို့သာတိုက်နေပါက မေ့မြောသွားပေလိမ့်မည်။ လုကုသည်ကတော့ တစ်စုံတစ်ရာကိုပင် ခံစားနိုင်ပုံမပေါ်ပါချေ။

နဉ့်ကျီသည် ယခင်က အော်တစ်ဇင်တစ်ဦးနှင့်ပတ်သက်သည့် ဆောင်းပါးအချို့ကို လေ့လာခဲ့ပြီး အော်တစ်ဇင်လူနာအများအပြားတွင် နှောင့်နှေးသောအာရုံခံစားမှုနှင့် နာကျင်မှုကိုခံစားနိုင်စွမ်းမှာ လျော့နည်းကာ သူ့တို့ကိုယ်သူတို့ အန္တရာယ်ဖြစ်စေနိုင်သည့် အလားအလာလည်းရှိသည်ကို သူမ,သင်ယူခဲ့ရသည်။

သူမ သူ့ဆီသို့လျှောက်သွားကာ လုကု၏လက်အား ဆွဲယူရန် ကြိုးစားလိုက်သည်။

သူ၏လက်ချောင်းများမှာ ရှည်သွယ်ပြီး သူ၏လက်မှာမူ အေးစက်နေသည်။ နဉ့်ကျီ သူ၏လက်အားထိလိုက်ရုံသာရှိသေးသည်, လုကု၏ဦးခေါင်းထက်တွင် အဖြူရောင်ပူဖောင်းသဏ္ဌာန်ရှိသည့် ပြကွက်သေတ္တာလေးတစ်လုံးသည် အထဲတွင် ချစ်စရာအမဲရောင်တိမ်တိုက်လေးတစ်ခုဖြင့် ရုတ်တရတ်ပေါ်ထွက်လာ၏။

နဉ့်ကျီသည် သူမ,ယောင်ယောင်မှားမှားမြင်နေသည်ဟုတွေးမိကာ အားနှင့်အင်နှင့် အကြိမ်ရေအနည်းငယ်လောက် မျက်တောင်ခတ်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးနောက်တွင်တောင် လုကု၏ဦးခေါင်းပေါ်ရှိ ပူဖောင်းပြကွက်သေတ္တာလေးသည် ရှိနေဆဲဖြစ်ပြီး အနက်ရောင်တိမ်တိုက်လေးသည်လည်း ထိုအထဲတွင် ပေါလောပေါ်နေဆဲပင်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now