Chapter-35

2.4K 399 10
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

"မောင်ရင် မစ္စတာလုနဲ့ နိုင်ငံခြားမှာ ပရောဂျက်အသစ်ချဲ့ထွင်နေတယ်လို့ ဦးလေးကြားတယ် ၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား?" အဖေလု မရဲတရဲမေးလိုက်သည်။ 

လုရှန်းယွမ်၏အသံမှာ ဩဇာညောင်းကာ သူ၏အရှိန်အဝါမှာ အေးစက်နေသည်။ ထိုင်နေရုံနှင့်ပင် ခြိမ်း‌ခြောက်လှုပ်ကိုင်နိုင်၏ "ဟုတ်ကဲ့ အဆင်ပြေပါတယ် ၊ လုမိသားစုမှာ နည်းပညာ ၊ စွမ်းဆောင်ရည် ၊ အရင်းအနှီးငွေ အားလုံးပြည့်စုံနေတဲ့အတွက် နေရာအသစ်ချဲ့ထွင်တာ ကိစ္စကြီးမဟုတ်ပါဘူး"

အဖေလင် သဘာတူစွာ ခေါင်းငြိမ့်လိုက်သည်။ 

လုကော်ပိုရေး ပရောဂျက်အသစ်ချဲ့ထွင်နေကြောင်း ကြားသိလိုက်ရသည့်အချိန်တုန်းက သူ တစ်စိတ်တစ်ပိုင်း ပါဝင်ချင်လွန်းလှသည်မှာ အသည်းအသန်ပင်။ သို့သော် သူ၏ခေါင်းမှာ ကောင်းနေဆဲဖြစ်ရာ သူ၏ကုမ္ပဏီသေးသေးလေးနှင့် လုကော်ပိုရေးရှင်းတို့၏ ခြားနားချက်ကို နားလည်လေသည်။

သူတို့၏ဘေးရှိ လင်ထန်းထန်းသည် ရှက်နေသောအကြည့်လေးဖြင့် လုရှန်းယွမ်၏လက်မောင်းအား ဖက်တွယ်လိုက်ပြီး သူမ၏အဖေအား ဆိုလာသည် "ဖေဖေ dinnerစနေပြီ ၊ ရှန်းယွမ်က အားလပ်ချိန်နေ့တိုင်းရတာမဟုတ်ဘူး ၊ ဖေဖေ အလုပ်အကြောင်းချည်း ပြောမနေပါနဲ့တော့" 

လင်တာ့ဟိုင်သည် ဟက်ဟက်ပက်ပက် ရယ်မောလျက် ဆိုလေသည် "ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ၊ ဆက်မပြောတော့ပါဘူး" 

သူတို့ကြားရှိ ပနံသင့်လှသောလေထုသည် အခြားမိတ်ဆွေများနှင့် မိသားစုများအား ပိုလို့ပင် အားကျစေ၏။

သူမ၏ပတ်ပတ်လည်ရှိ မနာလိုအားကျသောအကြည့်များအား သတိထားမိသောအခါ လင်ထန်းထန်း၏အပြုံးမှာ ပိုမိုပီပြင်လာခဲ့သည်။ 

ယခုအချိန်တွင် လူတိုင်းအားကျရသူမှာ သူမဖြစ်လာခဲ့လေပြီ။

ရုတ်တရတ် အနီးအနားရှိဧည့်သည်ထံမှ ခပ်တိုးတိုးအသံတစ်ခုကို သူမ,ကြားလိုက်ရသည်။ 

လူတိုင်းကြည့်နေသည့်နေရာသို့ လှမ်းကြည့်လိုက်သောအခါ လုကု၏လက်များကို ဆုပ်ကိုင်လျက် လျှောက်ဝင်လာသော နဉ့်ကျီအား လင်ထန်းထန်း မြင်လိုက်ရတော့သည်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now