Chapter-5

3.5K 494 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❣️

လုကုသည် စကားတစ်လုံးပင် မပြောသလို နဉ့်ကျီကိုလည်း အရေးမလုပ်ပေ။ သူ သူ၏ပဟေဠိများကိုသာ ဆက်,ဆက်နေလေသည်။ ပျင်းလွန်းလှသဖြင့် နဉ့်ကျီ သူမဆံပင်သူမ ပြန်ကစားနေတော့သည်။

သူမ လုကုနှင့်အတူ စာကြည့်ခန်းထဲတွင် နာရီအနည်းငယ်တော့ ကုန်ဆုံးရမည်ဟု တွေးထားခဲ့သည်။ အံ့ဩစရာကောင်းစွာပင် လုကုသည် ပဟေဠိတစ်ခုလုံးကို တစ်နာရီအတွင်းမှာပင် ပြီးသွားလေသည်။

နဉ့်ကျီ အံ့ဩသွားရသည်။

လုကုသည့် ဆက်နေစဉ်အတွင်း မူရင်းပုံကို တစ်ချက်တောင်မကြည့်ခဲ့ပေ။ နဉ့်ကျီ ထိုဟာကို မူလပုံနှင့် ယှဉ်ကြည့်လိုက်သည်။ အရှုပ်ထွေးဆုံးနေရာများတွင်ပင် အမှားအယွင်းတစ်ခုမရှိ။

ကြယ်များနှင့် ညကောင်းကင်ကဲ့သို့ အပိုင်းအစ ၁၀၀၀သည် မူရင်းပုံအား ကိုးကားလုပ်နေချိန်တွင်တောင် အတော်လေးကိုခက်ခဲနေပြီ။

သူ မူရင်းပုံကို မှတ်သားထားတာများလား?

နဉ့်ကျီ သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ၏အေးစက်ကာ ‌ဖြူဖျော့သည့်မျက်နှာသည် သေသပ်တိရိနေသည်။ နှုတ်ခမ်းများမှာ တင်းတင်းကျပ်ကျပ် စေ့ပိတ်နေလျက် သူသည် တည်ငြိမ်ကာ ခေါင်းမာလှသည်။

အော်တစ်ဇင်ရောဂါဖြစ်နေသည့် လူနာအတော်များများသည် အစကတည်းကပင် ဉာဏ်ရည်မြင့်မားကြသည်ကို သူမ,မှတ်မိသည်။ သူတို့အား ဆိတ်ငြိမ်သည့် ဉာဏ်ကြီးရှင်များအဖြစ် ကိုယ်စားပြုနိုင်လေသည်။

လုအိမ်တော်သည် အလွန်ပင်ကြီးမားပြီး စွဲမက်ဖွယ်ကောင်းလှစွာ အလွန်အကျွံပြင်ဆင်ထားလေပြီး အပေါစားတစ်ခုမှမပါ။ လုမိသားစုဆိုသည်ကို ၎င်းတို့မှ မြင်နိုင်လေ၏။

အစေခံသည် ပြေးတက်လာပြီး လင်ထန်းထန်းထံမှ လက်ရှည်ကို ယူလိုက်သည် "ပထမသခင်မလေး ညစာအဆင်သင့် ဖြစ်နေပါပြီ"

လင်ထန်းထန်း ခေါင်းငြိမ့်ပြလိုက်သည် "နဉ့်ကျီရော ဘယ်မှာလဲ?"

"ဒုတိယသခင်လေးက ဒီနေ့ အခန်းကဏ္ဍဖြစ်သွားလို့ ဒုတိယသခင်မလေးက အခု ဂရုစိုက်ပေးနေပါတယ်" အစေခံသည် လေးစားစွာဖြေလိုက်သည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now