Chapter-48

2.2K 359 14
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ သူ့အား ခြောက်လှန့်ရန် ကြိုးစားလိုက်သည် "အသီးအရွက်မစားတဲ့ကလေးတွေက အရပ်မရှည်တော့ဘူးနော်"

လုကုအသေးလေးသည် တိတ်ဆိတ်စွာသာ ဆက်စားနေ၏။

"ရှောင်ကုကု ကြီးလာရင် အစ်မကြီးထက် ပိုပြီးအရပ်မရှည်ချင်ဘူးလား?" နဉ့်ကျီ အပြုံးတစ်ခုနှင့် ဆိုလိုက်သည် "အစ်မကြီးက အရပ်ရှည်တဲ့ကောင်လေးတွေကိုဘဲ သဘောကျတာ" အရွယ်ရောက်ပြီး လုကုမှာ အလွန်ကိုအရပ်ရှည်သည်။ သူမမှာ သူ့အားကြည့်ရန် ခေါင်းမော့ရသည်အထိ။

အစေခံသည် ညစားစားနေသော လုကုအသေးလေးအား ကူညီပေးရန် ဘေးတွင်ရပ်နေခဲ့သည်။

ရုတ်တရတ် အသီးအရွက်စားရန် ဘယ်တုန်းကမှ မကြိုက်ခဲ့သည့် သခင်ငယ်လေးသည် သူနှင့်အဝေးဆုံးက ခါကြက်ဥမွှေကြော်ပန်းကန်ဆီသို့ လက်လှမ်းသည်ကို မြင်လိုက်ရလေ၏။ 

အစေခံမှာ မယုံကြည်နိုင်ဖြစ်သွားရသည်။

သခင်မသည် ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် မျိုးစုံကြိုးစားခဲ့သော်လည်း သခင်ငယ်လေးသည် တစ်ကိုက်တောင်မကိုက်။ ဒီနေ့ကျမှ သူ့ဟာသူ ယူစားနေသည်တဲ့လား?

လုကုအသေးလေး မျက်မှောင်ကြုံ့သွားရရင်း မျက်လုံးနက်နက်ကြီးများမှာ မကျေနပ်ကြောင်းထင်ရှားနေသော်ငြား နောက်ဆုံးတွင်လည်း သူမုန်းလှသည်ဆိုသော ခါကြက်ဥအား မျိုချလိုက်၏။ 

"ရှောင်ကုကုက အရမ်းတော်တာဘဲ ၊ နည်းနည်းထပ်စားလိုက်ဦး" ကလေးငယ်လေးများမှာ ချော့မြှူရလွယ်သည်ဟု နဉ့်ကျီခံစားရ၏။

အစေခံခမျာ ထိတ်လန့်သွားရသည်။ သခင်ငယ်လေးသည် မျက်မှောင်ကြုံ့ထားရင်းပင် ခါကြက်ဥများကို အလုတ်သေးသေးလေးများ တစ်လုတ်ပြီးတစ်လုတ် စားနေလေသည်။ 

သူမ စိတ်လှုပ်ရှားစွာပင် အိမ်တော်ထိန်းကြီးအား ပြောပြလိုက်သည်။

နောက်ဆုံးတွင် အမေလုနှင့်အဖေလုပင် အိမ်ပြန်ရောက်ချိန်တွင် လုကုအသေးလေးသည် အသီးအရွက်အချို့ စားခဲ့ကြောင်း သိရှိလိုက်ရသည်။ ထိုမှစ အမြဲတမ်းပင် ညစာထမင်းစားပွဲထက်တွင် စာဖိုမှူးဆီမှ ဆန်းသစ်သော အသီးအရွက်ဟင်းပွဲများကို တွေ့ရတော့၏။  

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now