Chapter-70

988 231 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

နဉ့်ကျီသည် လင်ထန်းထန်း သူမကို ခိုးကြည့်နေသည်အား ဂရုမစိုက်သလို ရောင်ဝါအား ပြန်ယူနေခြင်းကို လင်ထန်းထန်း ဂရုပြုမိသွားမည်ကိုလည်း မစိုးရိမ်ပေ။ သူခိုးတစ်ယောက်အနေဖြင့် ပိုင်ရှင်အား အဘယ်ကြောင့် ပစ္စည်းအားပြန်ယူရကြောင်း လင်ထန်းထန်းအနေဖြင့် မေးခွင့်ရှိမနေ။  

မနက်ခင်းပြေးခြင်းမှ လုကု ယခုလေးတင် ပြန်ရောက်လာသည်။

အနီရောင်လေ့ကျင့်ခန်းဝတ်စုံအား ဝတ်ဆင်ထားပြီး သူ၏နဖူးနှင့် ရှည်လျားဖြောင့်စင်းနေသည့် နှာတံထက် ချွေးစများ ခိုတွဲနေသည်။

သန့်ရှင်း အေးစက်ကာ ဆွဲဆောင်မှုရှိပေသည်။

သူမ သူမ၏သားဖြစ်သူအား တိုက်ရိုက်ပြောလျှင် အရေးစိုက်မည်မဟုတ်သည်ကို အမေလုသိသည်။ သို့ဖြစ်ရာ သူနှင့်ဆက်သွယ်ရန် သူမတွင် နဉ့်ကျီသာရှိသည်။ 

လုကု အဝတ်အစားလဲရန် အပေါ်ထပ်တက်သွားသည့်အချိန်တွင် နဉ့်ကျီ သူ့နောက်သို့လိုက်သွားရင်း ပြောလိုက်သည် "လုကု မနက်စာစားပြီးရင်း ကျွန်မနဲ့အတူတူ ဆေးရုံသွားရအောင်"

လုကု အိပ်ခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်သွားသည်။

နဉ့်ကျီ ညင်သာစွာ ဆိုလိုက်သည် "စစ်ဆေးမှုလုပ်ရုံလေးတင် ၊ တစ်ချိန်လုံး ကျွန်မ ရှင့်အနားမှာရှိနေမှာပါ"

အတော်ကြာပြီးနောက် လုကု ပြန်ဖြေလာသည် "အမ်း"

သူပြောပြီးသည်နှင့် နဉ့်ကျီရှေ့တွင်ပင် အင်္ကျီ ချွတ်လိုက်လေသည်။

နဉ့်ကျီ အချိန်မီ မျက်လုံးမလွှဲလိုက်နိုင်ဘဲ သူမ၏မျက်လုံးတို့သည် သူ၏ရင်ဘတ်နေရာတည့်တည့်သို့ ကျရောက်သွားသည်။

ကြွက်သားအလွှာတစ်ထပ်ဖြင့် ကျယ်ပြန့် တောင့်တင်းနေပြီး အပိုအလိုမရှိ နေရာအပြည့် ညီညာနေသည်။

သူမ၏အကြည့်တို့ တဖြည်းဖြည်း အောက်ဆင်းသွားရင်း ထင်ရှားသည့် အမြောင်းများပေါ်မှ ဆက်လက်နိမ့်ဆင်းလျက် ဘောင်းဘီနှင့်ကာဆီးထားသည့်နေရာအထိ နိမ့်ဆင်းသွားသည်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now