Chapter-55

1.5K 307 17
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

အမေလု : "မူလတန်းကျောင်းတုန်းက ရှောင်ကုကို သူ့အတန်းထဲက ကောင်လေးတချို့က အနိုင်ကျင့်ပြီး သန့်စင်ခန်းထဲမှာ ပိတ်ထားခဲ့ဖူးတယ်, ရှောင်ယွဲ့က ဆရာကိုသွားခေါ်ပြီး လုကုကိုထုတ်ပေးခဲ့တာ"

အမေလု၏အသံမှာ အလွန်ကိုကျေးဇူးတင်နေပုံရှိသည် "သူတို့ဆရာမက ကောင်လေးတွေကို အပြောသက်သက်ဘဲ သတိပေးလိုက်ပြီး အမေက အဲ့ကိစ္စကိုမသိခဲ့ရဘူး ၊ ကံကောင်းလို့ ရှောင်ယွဲ့က စာတစ်စောင်ရေးပြီး ပြောပြခဲ့လို့, မဟုတ်ရင် ရှောင်ကုက အဲ့ကောင်လေးတွေဆီမှာ ဆက်အနိုင်ကျင့်ခံနေရဦးမှာ"

ဟောင်ရှောင်းယွဲ့က ဆရာကိုခေါ်လာပေးခဲ့တဲ့ ကောင်မလေးလား?

နဉ့်ကျီ အံ့ဩသွားရသည်။

သူမ ကောင်မလေးအား ကြည့်လိုက်သည်။ ကလေးမလေး၏ ချစ်စရာမျက်နှာဝိုင်းဝိုင်းလေးမှာ ကြီးပြင်းလာလေပြီး သူမ၏မျက်နှာကျသည် ပိုမိုနူးညံ့သိမ်မွေ့လာသည်။ သူမ,ကလေးတုန်းက မျက်နှာပုံလေးအား မြင်နိုင်ဆဲပင်။

ဒီကောင်မလေးသည် မူလတန်းကျောင်းတုန်းက လုကုအား သူမ၏ချစ်သူကောင်လေးလုပ်ရန် မေးဖူးသည်ကို နဉ့်ကျီ သတိရသွားတော့သည်! 

ဒါပေမယ့် အဲ့ဒီစာနဲ့က ဘာပတ်သက်လို့လဲ?

လုကုအသေးလေး၏လက်ကိုကိုင်၍ စာကို သူမ,ရေးခဲ့ခြင်း။ ဘယ်လိုလုပ် စာရေးသူမှာ ဟော်ရှောင်းယွဲ့ ဖြစ်သွားရသည်တုန်း?

"အန်တီလု သမီးက ဆရာ့ကိုသွားခေါ်တာဘဲ မှတ်မိတာ ၊ တအားကြာနေပြီဆိုတော့ အန်တီ့ဆီ စာရေးပို့သလား မပို့သလား မမှတ်မိတော့ဘူး" အလွန်ကြာလေပြီဖြစ်ရာ ဟော်ရှောင်းယွဲ့မှာ အသေးစိတ်အချက်အလက်များအား မမှတ်နိုင်တော့ချေ။

အမေလုပြုံးလျက်ပင် ဆိုလာသည် "တစ်နည်းမဟုတ်တစ်နည်းတော့ မင်းလုပ်ပေးခဲ့တာအတွက် အန်တီက ကျေးဇူးတင်တုန်းဘဲ" 

သူမ နဉ့်ကျီဘက်လှည့်လျက် ပြောသည် "ဒီနေ့ ရှောင်ယွဲ့က ရှောင်ကုဆီ လာလည်တာလေ ၊ အပေါ်ထပ်ကို ခေါ်သွားပေးလိုက်ဦး, ရှောင်ကုက ဘေးမှာ မင်းရှိနေရင် စိတ်လွတ်သွားမှာမဟုတ်ဘူး"

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Waar verhalen tot leven komen. Ontdek het nu