Chapter-13

3.2K 518 12
                                    

တစ်ပတ်ကျော်သွားတယ် sorryပါ❤️

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ သူမ၏တူအား အလျင်အမြန်ချကာ လုကုထံ လက်ဆန့်လိုက်၏။

လုကုသည် သူမအား တွန်းထုတ်ပစ်လိုက်ပြီး သူမမှာလည်း ပြင်ဆင်မထားရသေးသောကြောင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားရတော့သည်။

နဉ့်ကျီ နားမလည်နိုင်ဖြစ်သွားရ၏။

လုကုသည် အမြဲလိုပင် တိတ်ဆိတ်ပြီး သိမ်မွေ့နာခံခဲ့သည်။ သို့သော်လည်း သူ၏အခန်းကဏ္ဍ ဖြစ်ပေါ်လာသည့်အချိန်တွင်မူ သူ့အတွက် သူ့ကိုယ်သူထိန်းချုပ်နိုင်ရန်မှာ ခက်ခဲနေလေသည်။

"ဝါးးး...." သူနှင့်မျက်စောင်းထိုးတွင် ထိုင်နေသည့် ယဲ့ချီကောင်းမှာ စတင်‌ငိုကြွေးတော့သည် "ကြောက်တယ်"

စုန့်ရော့ အလျင်အမြန်ပင် သူမ၏လက်မောင်းတို့ကို သူ့သား၏ခေါင်းတစ်ဝိုက်တွင် ထားလိုက်သည်။ သို့မှသာ အခန်းကဏ္ဍဖြစ်ပွားနေသည့် လုကုအား မမြင်နိုင်တော့မည်ဖြစ်သည်။

အမေလု၏မျက်လုံးများမှာလည်း နီရဲနေ၏။ သူမ အစေခံများကိုသွားစေကာ လုကုအား စားပွဲခုံကို သူ၏ခေါင်းဖြင့် တိုက်နေခြင်းကို အင်အားသုံး၍ ရပ်သွားအောင် လုပ်ချင်ခဲ့သည်။

နဉ့်ကျီ လုကုထံသို့ ထပ်မံလျှောက်သွားကာ သူမ၏လက်ကို သူ၏ရှေ့တွင် ထားလိုက်သည် "လုကု ၊ ရှင် ကျွန်မကို တွန်းလိုက်တဲ့အချိန်တုန်းက ကျွန်မ မြေကြီးပေါ်ကိုတောင် လဲကျတော့မလို့"

လုကု ရပ်တန့်သွားသည်။

"ဒါပေမယ့် ရှင် တမင်လုပ်တာမဟုတ်မှန်း ကျွန်မသိပါတယ်" နဉ့်ကျီ လုကု၏နဖူးအား ထိလိုက်သည်။ ယင်းမှာ အတော်လေးကို နီရဲနေရှာပြီဖြစ်၏။

လုကု၏မျက်လုံးတို့ အောက်သို့စိုက်ချသွားပြီး ရုတ်တရတ် ပြောလာ၏ "သွေးထွက်"

ဟမ်?

နဉ့်ကျီ ငုံ့ကြည့်လိုက်သည်။ ကွဲနေသော အပိုင်းအစများပေါ်တွင် သူမ,နင်းမိထားပြီး သူမ၏ခြေဖဝါးမှာ ယခုသွေးထွက်နေခြင်းပင်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now