Chapter-33

2.3K 408 14
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ သူ့အကြိုက်ကို ခန့်မှန်းမိပြီးသားပင် "ဟုတ်ပါပြီ အဲ့ဒါဆိုလည်း ဒီတစ်ထည်ဘဲပေါ့" 

လုကုသည် အင်း,အဲ,မလုပ်သလို ငြင်းလည်းမငြင်း။ 

နဉ့်ကျီလည်း အဝတ်လဲရန်သွားရသည်။ သူမသည် အနက်ရောင်ဂါဝန်ရှည်ကို တမင်ရွေးချယ်ထားသည်။ သူမ၏ဖြူဖွေးကြည်လင်သော အသားအရေအား ပြန်မရသေးသောကြောင့် အရောင်ဖျော့ဖျော့ ဝတ်စုံများကိုရွေးချယ်ခြင်းက သူမ၏အသားအရေအား ပိုမိုပေါ်လွင်သွားစေနိုင်သည်။ 

ရောင်ဝါအတွက် နေလုံးလေး၅လုံးနှင့် လဲလှယ်ခဲ့သည့်မှာကောင်းသည်ပင်။ အနည်းဆုံးတော့ သူမသည် အနက်ရောင်ဝတ်စုံနှင့် ပိုမိုတောက်ပနေသည်။ 

နဉ့်ကျီ မိတ်ကပ်ပြင်သူကိုလည်း မိတ်ကပ်ပါးပါးလေးသာ ပြင်ခိုင်းလိုက်သည်။ 

"မမလေးနဉ့် ၊ မမလေးရဲ့မျက်နှာကျက တကယ့်ကိုအံ့ဩစရာဘဲ" မိတ်ကပ်ပြင်သူမှာ အံ့ဩနေသည်။ 

မမလေးနဉ့်၏မည်သည့်နေရာမဆို အနုစိတ်လှပနေပြီး သူမ,တွေ့ဖူးသည့် ထင်ရှားသည့်မိသားစုများနှင့် နာမည်ကြီးအနုပညာရှင်များထဲတွင် သူမသည် အလှဆုံးပင်။ 

သို့သော်လည်း ထူးဆန်းလှစွာ သူမအားကြည့်ရသည်မှာ အတော်လေးကို ရိုးရှင်းလွန်းနေသည်။ တစ်နည်းနည်းဖြင့် သူမ၏နူးညံ့လှပသော သွင်ပြင်လက္ခဏာများသည် ထင်ရှားမနေခဲ့ချေ။ 

ထူးတော့အလွန်ထူးဆန်းသည်ပင်။ 

မမလေးနဉ့်ကျီသည် တောက်ပအသက်ဝင်ကာ အကြည့်များကို ဖမ်းစားနိုင်သည့် အလှလေးတစ်ဦးဖြစ်သင့်သည်ဟု သူမ,ခံစားရသည်။ 

နဉ့်ကျီ ပြုံးလိုက်၏။ မှန်ထဲမှ သူမ၏ပုံရိပ်ယောင်အား မြင်သောအခါ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ မိတ်ကပ်ထပ်ပေါင်းထည့်လိုက်သောအခါ ပိုမိုဝင်းပလာခဲ့ပြန်သည်။ ပြင်ဆင်ပြီးသွားသောအခါ အနည်းဆုံးတော့ သူမသည် ဖွေးဖွေးလေးဖြစ်သွားလေပြီ။ 

မိတ်ကပ်ပြင်သူသည် နဉ့်ကျီ အနက်ရောင်ဝတ်စုံအား ဝတ်ပြီးသွားသောအချိန်တွင်လည်း ထပ်မံချီးမွမ်းပြန်သည် "မမလေးနဉ့် ၊ မမလေးက ခန္ဓာကိုယ်ရော တအားကိုပုံကျတာဘဲ ၊ မမလေးလို ပိန်သွယ်ဖို့ သရုပ်ဆောင်မင်းသမီးတွေဆို နေ့တိုင်းdietလုပ်နေကြရတာ" 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now