Chapter-61

1.2K 232 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

နဉ့်ကျီ ဖိနပ်အမြင့်ပြောင်းစီးလိုက်ပြီးနောက် သွားရန်အဆင်သင့်ဖြစ်လေပြီ "ခါတိုင်းညတွေထက် နောက်ကျမှ ပြန်ရောက်မယ်နော်"

လုကုတွင် ဘာအမူအယာမှမရှိ။ သူမအား အရေးမလုပ်ပေ။

နဉ့်ကျီလည်း သူ့အား အသိပေးရုံသာဖြစ်ကာ သူ့ထံမှ တုံ့ပြန်မှုအား မျှော်လင့်မထားချေ။

ပရဟိတပွဲသည် ဟိုတယ်တစ်ခုတွင် ကျင်းပကာ လေလံပွဲမှရသည့် အကျိုးအမြတ်အားလုံးကို လိုအပ်နေသည့်လူများအား လှူဒါန်းမည်။

နဉ့်ကျီ အတိတ်တုန်းက သူမ၏မိဘများနှင့်အတူ ဤသို့သောပွဲပေါင်းများစွာ တက်ရောက်ဖူးပြီးသားပင်။ ထပ်တူပျင်းစရာကောင်းသော စားဖို့သောက်ဖို့ ပျော်ပါးဖို့သက်သက် တွေ့ဆုံပွဲများနှင့်ယှဉ်လျှင် အနည်းဆုံးတော့ ဤသို့သော တွေ့ဆုံပွဲများသည် ပို၍အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။ 

"အမေ့နောက်ကလိုက်ပြီး ကြိုက်တာတွေ့ရင်ဝယ်လိုက်"

အမေလုသည် သူမကိုယ်သူမ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ သူမသည် ငယ်စဉ်က မိန်းလှတစ်ဦးဖြစ်ခဲ့သည်ဆိုသော အဓိကအချက်အပြင် ဝတ်စားထားသည့်အချိန်တွင် သူမသည် အလွန်ကို ဆွဲဆောင်မှုရှိနေတုန်းပင်။

 သူမ ပြုံးလျက် နဉ့်ကျီအား သတိပေးလာသည် "ပိုက်ဆံအတွက် စိုးရိမ်စရာမလိုဘူး ၊ မင်းကို အမေ အရင်ကပေးထားတဲ့ကတ်က ရှောင်ကုဟာ ၊ မင်းက သူ့ဇနီး, သူ့ငွေကိုသုံးဖို့က မင်းရဲ့ရပိုင်ခွင့်ဘဲ"

အမေလု သူမအား မပြောလိုက်သည်ကား လုကော်ပိုရေးရှင်း၏ အမြတ်အများစုမှာ ဤကတ်ထဲသို့ ဝင်သွားကြသည်ကိုပင်။ ကတ်ထဲရှိငွေပမာဏဖြင့် သူမ နဉ့်ကျီအား မခြောက်လှန့်ချင်ပေ။

နဉ့်ကျီ အလွန်အကျွံ သုံးပစ်မည်ကို အမေလု စိတ်ပူမနေ။ နောက်ဆုံးတွင်လည်း ကတ်ထဲရှိပိုက်ဆံမှာ နဉ့်ကျီ တစ်ဘဝလုံး ထိုင်ဖြုန်းနိုင်သည်ထက်ပင် များသေးသည်။ 

အမေလုထံမှ တန်ဖိုးကြီးရတနာများစွာကို အကြိမ်ပေါင်းများစွာ လက်ခံရရှိပြီးနောက် သူမ၏ယောက္ခမမှာ အလွန်ကိုရက်ရောသူဖြစ်ကြောင်း နဉ့်ကျီ သိရှိပြီးဖြစ်လေသည်။ သူမ လုကုအား ကောင်းပေးနေသမျှ သူမ၏မေမေလုသည် အများကြီးပြန်လည်ရက်ရောလိမ့်မည်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now