Chapter-49

1.9K 314 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ ဤဝတုတ်ကလေး၏ပါးစပ်အား အဝတ်စုတ်ဖြင့်သာ ဆို့ထားပစ်လိုက်ချင်သည်။

သူမ လုကုလေးအား တတ်နိုင်သမျှ ဆုပ်ကိုင်ထားခဲ့သော်ငြား ဝတုတ်လေးထံတွင် တရွတ်ပါသွားဆဲသာ။ နဉ့်ကျီ ဗျာများသွားရသည်။ သူ သော့ပိတ်ခံထားရမည်ကို သူမ ထပ်မံမမြင်လိုတော့ပါချေ။

သူမ ဤနေရာသို့ ရောက်လာနိုင်ခဲ့သော်ငြား ဘာမှများများစားစား မလုပ်နိုင်သည့်အတွက် နဉ့်ကျီ စိတ်ပျက်မိသည်။ သူမမှာ လုကုအသေးလေး အနိုင်ကျင့်ခံနေရခြင်းကို ရပ်ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်။

သူမသာ ကိုယ်ထည်ပေါ်၍ရပြီး ပစ္စည်းများကို ထိနိုင်ကိုင်နိုင်မည်ဆိုပါက ယခုလောက်ထိ ကူကယ်ရာမဲ့လိမ့်မည် မဟုတ်ပါချေ။

"သရဲ!" ကောင်လေးများထဲမှတစ်ယောက် လုကု၏နောက်သို့ကြည့်လျက် အော်ဟစ်လာလေသည်။ 

ဝတုတ်လေးလည်း နောက်သို့လှည့်ကြည့်လိုက်ရာ ရုတ်တရတ်ကြီး ဘွားကနဲထွက်ပေါ်လာသည့် ဆံပင်ရှည်ရှည် အင်္ကျီအဖြူကြီးဖြင့် မိန်းမတစ်ယောက်ကို မြင်လိုက်ရသည်။ သူ အလွန်ကြောက်သွားရင်း ငိုယိုတော့သည်။ ဒူးများပျော့ခွေလျက် ကြမ်းပြင်ပေါ် ပုံခနဲလဲကျသွားကာ "အမေရေ! သရဲမကြီး!"

"ဝူး... သရဲမက ငါတို့ကို စားတော့မယ်"

သူမရှိရာသို့ကြည့်ရင်း ကြောက်လန့်နေကြသည့် ကလေးများအား မြင်ရသောအခါ သူမ သူမကိုယ်သူမ လက်ညှိုးထိုးလျက် မေးမိသည် "နင်တို့ ငါ့ကိုမြင်ရလို့လား?" 

ဝတုတ်လေး၏ခြေထောက်များမှာ တုန်နေလေသည်။ သူ ကုန်းအော်လိုက်သည်မှာ "သားကိုမစားပါနဲ့ ၊ အီး! သရဲမကြီး"

ဘာတွေဖြစ်နေမှန်း နဉ့်ကျီမသိ, သို့သော် သူမ အခြေအနေကို အလျင်အမြန်ပင် ကိုင်တွယ်လိုက်သည် "နင်တို့ လုကုလေးကို စောစောက ဝိုင်းအနိုင်ကျင့်နေကြတာ ငါမြင်လိုက်တယ်"

သူမ ခေါင်းကိုငုံ့ကိုင်းချလိုက်ရင်း နက်မှောင်သောဆံပင်ရှည်ကြီးမှာ ရှေ့သို့ဖွားခနဲကျလာသည်။ သူမပုံစံမှာ အနည်းငယ်တော့ ကြောက်စရာကြီးပင် "လုကုလေးကို အနိုင်ကျင့်တဲ့ဘယ်သူမဆို ငါ ရိုက်မှာ"

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now