Chapter-63

1.3K 251 12
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

နဉ့်ကျီ လေလံပွဲတွင် အထူးတလှယ် သဘောကျမိသည့်အရာမျိုး မတွေ့။ အမေလုသည် လည်ဆွဲတစ်ကုံးဝယ်ကာ နဉ့်ကျီအား ပေးသည်။

အမေလုအတွက် ဤလှပသည့် ပစ္စည်းသေးသေးလေးများသည် နဉ့်ကျီနှင့် အလွန်ကိုလိုက်ဖက်နေသည်။

လူတော်တော်များများ အမေလု၏ နဉ့်ကျီအပေါ်ဆက်ဆံပုံကို မြင်ကြရာ သူတို့စိတ်ထဲတွင် နဉ့်ကျီ၏အဆင့်အတန်းအား ပြန်လည်တန်ဖိုးဖြတ်နေကြပြန်သည်။

လေလံပွဲပြီးသည့်အချိန်တွင် မှောင်နေပြီဖြစ်ကာ သူမတို့ အိမ်ပြန်ရောက်သည့်အချိန်တွင် ကိုးနာရီထိုးနေလေပြီ။

နဉ့်ကျီ အခန်းသို့မပြန်ခင် အမေလုနှင့် စကားအနည်းငယ်ဖောင်ဖွဲ့လိုက်သေးသည်။

တံခါးအားဖွင့်လိုက်သောအခါ ပထမဆုံးအကြိမ်အနေဖြင့် လုကုသည် သူ၏ပန်းပွင့်ညအိပ်ဝတ်စုံကိုဝတ်ထားရင်း အုံးတားအားမီ၍ ငြိမ်သက်စွာထိုင်နေသည်ကို နဉ့်ကျီ မြင်လိုက်ရ၏။

လုကုတွင် တိကျသည့်အချိန်ဇယားရှိကာ ဤအချိန်တွင် အိပ်နေရတော့မည်ဖြစ်သည်။

"မအိပ်သေးဘူးလား?" နဉ့်ကျီ အံ့ဩနေသည်။

လုကု၏နှုတ်ခမ်းများ စေ့ပိတ်ထားသည်။ သူ သူမအား မော့ကြည့်လာပြီးနောက် ဘာမှမပြောဘဲ လှဲချကာ အိပ်ရန်မျက်လုံးများ ပိတ်သွားတော့သည်။

သူ သူမ,ပြန်လာတာကို စောင့်နေတာလား? ထိုအတွေးသည် နဉ့်ကျီထံ ရုတ်တရတ် ဝင်ရောက်လာ၏။

လုကု၏အပြုအမူများသည် မည်မျှခေါင်းမာကာ အစွဲအလမ်းကြီးသည်ကို သူမ,သိသည်။

ရေသောက်ပြီးလျှင် ဖန်ခွက်ကို နေရာတွင် အမြဲတမ်းပြန်ထားတတ်သည်။ သူ၏အဝတ်ဗီဒိုထဲရှိ အဝတ်အစားများသည်ပင် သေသပ်စွာခေါက်လျက် သူစီစဉ်ထားသည့် အစဉ်အတိုင်း နေရာတကျပြန်ထားသည်။

သူတို့၏နေ့စဉ်လုပ်ငန်းအား ဝင်ရောက်စွက်ဖက်ခံရလျှင် အော်တစ်ဇင်လူနာများသည် စိတ်တိုဒေါသထွက်လာတတ်ကြသည်။

ဤအတွေးမှာ နဉ့်ကျီ၏ ဒုတိယခန့်မှန်းချက်သာ။

ဖိနပ်အမြင့်အား ချွတ်လိုက်ပြီး နဉ့်ကျီ ခုတင်ဆီ လျှောက်သွားလိုက်သည်။ ခပ်မှိန်မှိန် မီးရောင်အောက်တွင် လုကု၏မျက်ခွံတို့ အနည်းငယ်တုန်ရီသွား၏, သူနိုးနေသေးသည့်ပုံပါပင်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now