Chapter-39

2.4K 406 13
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🍄

သူမ ဆက်မစတော့ဘဲ သူ၏ခါးထက်တွင် သူမ၏လက်များကို ရစ်ပတ်လိုက်၏။ 

အဝတ်ထူထူများကိုဖြတ်၍ သူ၏ခန္ဓာကိုယ်မှ ကူးဖြာလာသောအပူသည် သူမ၏လက်ဖဝါးများကိုပါ ပူလောင်လာစေသည်ကို နဉ့်ကျီ ခံစားနိုင်သည်။ 

လုကုသည်ကား သူမထံ ပိုလို့သာတိုးဝင်လျက် သူမခန္ဓာကိုယ်မှ အအေးဓာတ်အား လောဘတကြီး ရယူနေ၏။ 

သူ အလွန်ကို သက်သောင့်သက်သာ ရှိနေသောကြောင့်လားဆိုသည်ကို သူမလည်းသေချာမသိ, သို့သော် စောစောကမှ အလွတ်ဖြစ်သွားခဲ့သော indicatorလေးသည် နေလုံးလေးများ စတင်ထုတ်လွှတ်လာပြန်သည်။ 

တစ်လုံး!

နှစ်လုံး! 

သုံးလုံး! 

......

နဉ့်ကျီသည် လုကုအားဖက်ထားခြင်းဖြစ်ရာ နေလုံးလေးများသည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နဉ့်ကျီဆီသို့သာ ပြေးဝင်လာကြလေသည်။ 

Overlordခမျာ မနေနိုင်စွာ ခေါင်းလေးပြူထွက်လာတော့သည်။ သူ၏အသံချိုချိုလေးမှာ အလွန်ကိုစိတ်လှုပ်ရှားလွန်းသဖြင့် တုန်တောင်တုန်ရီနေသည် [Hostရေ .... Hostတော့ အခုတအားကိုချမ်းသာနေပြီ!] 

အချိန်တိုင်း မဟားတရားချမ်းသာနေသည့် hostတစ်ယောက်ရှိနေသဖြင့် မောင်ကံကောင်းလေးသဖွယ် သူခံစားနေရတော့သည်။ သူ့hostအား ရွှေချိုချဉ်များ သွားစုဆောင်းပါရန် အချိန်တိုင်း တောင်းပန်နေရရှာသော သနားစရာကောင်းလှသည့် သူ့အစ်ကိုRichesနှင့် တခြားစီပင်။ 

နောက်ထပ် နေလုံးလေးတစ်လုံး လုကု၏ဦးခေါင်းထက်တွင် ထပ်မံပေါ်လာလေပြန်ရာ နဉ့်ကျီကိုယ်တိုင်လည်း ကောက်ခါငင်ခါ သူဌေးမကြီးဖြစ်သွားသလို ခံစားနေရသည်ပင်။ 

လုကုက အရူးလေးမဟုတ်ဘူး ချမ်းသာခြင်းနတ်ဘုရားဟဲ့! နေလုံးတွင်းကြီး! 

နောက်တစ်ခါကျ သူမ လုကုကို နည်းနည်းလောက်ပိုသောက်ခိုင်းဖို့ ပြန်စဉ်းစားကြည့်သင့်နေပြီလားဟင်? 

ရုတ်တရတ် တစ်ယောက်ယောက် တံခါးခေါက်လာခဲ့သည်။ 

နဉ့်ကျီ လုကုအား လွှတ်လိုက်ရသည်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now