Chapter-62

1.2K 217 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

နဉ့်ကျီ ပြုံးလိုက်သည်။ သူမ,ကူးပြောင်းမလာခင်က သူမ၏ဝါသနာမှာ ပိုက်ဆံသုံးရန်နှင့် ရတနာများဝယ်ယူခြင်း။

သူမ၏မီးခံသေတ္တာထဲတွင်လည်း ပန်းရောင်စိန်တစ်လုံးရှိပြီး အဆင့်Fပင်, မဒမ်ဝမ်၏ဟာထက် အနည်းငယ်ပိုကြီးသည်။

ပွဲမစသေးဘဲ ဧည့်သည့်များ စုစုနှင့်ဝင်လာနေကြဆဲပင်။ 

အနည်းငယ်ပျင်းရိလာသောကြောင့် နဉ့်ကျီ အမေလုအား အသိပေးကာ အနီးအနားလမ်းလျှောက်ရန် ထသွားလိုက်သည်။ 

သူမ ခန်းမထဲမှ ထွက်သွားသည်နှင့် ဟော်ရှောင်းယွဲ့နှင့် တိုးလေသည်။ သူမသည် ဝှီးချဲလ်အားတွန်းလာပြီး ဝှီးချဲလ်ပေါ်တွင်မူ လူငယ်တစ်ဦး ထိုင်နေသည်။

သူမ ဝှီးချဲပေါ်ရှိလူအား ကြည့်လိုက်သည်။ သူသည် တည်ငြိမ်သိမ်မွေ့ကာ ချောမောပြီး နှာတံစင်းစင်းထက်တွင် ရွှေရောင်ကိုင်းမျက်မှန်တစ်လက် ရှိသည်။ မှန်ထက်ရှိရောင်ပြန်များကား သူ၏မျက်လုံးများအား ဖုံးကွယ်ထားသည်။

"နင်က ဒီမှာ ဘာလုပ်နေတာလဲ?" နဉ့်ကျီအားမြင်သောအခါ ဟော်ရှောင်းယွဲ့ မေးလာသည်။ သူမ နဉ့်ကျီအား လေ့လာလိုက်သည်။ 

အသားရောင်ဝတ်စုံရှည်နှင့် နဉ့်ကျီသည် ပိန်သွယ်နေသည်။ သူမသည် သင့်တော်ရုံ မိတ်ကပ်ပါးပါးသာ လိမ်းခြယ်ထားပြီး ဆံပင်ကို အနည်းငယ် အပေါ်တင်ထားသည်။ သူမ၏နူးညံ့ပျော့ပျောင်းသည့် ဆံပင်အဖျားသည် အနည်းငယ်ကောက်နေလျက် သူမ၏အသွင်အပြင်အား နူးညံ့ကာသိမ်မွေ့စေသည်။ 

ဟော်ရှောင်းယွဲ့ နဉ့်ကျီအား သဘောမကျသော်လည်း နဉ့်ကျီသည် ပြင်ဆင်ခြယ်သလိုက်ချိန်တွင် ဆွဲဆောင်မှုရှိပြီး လိုက်ဖက်ညီစွာ ဝတ်စားတတ်သည်ကိုတော့ ဝန်ခံရပေမည်။  

နဉ့်ကျီ၏နှုတ်ခမ်းလေး ကွေးညွတ်သွားလျက် သူမအား မေးခွန်းတစ်ခုနှင့် ပြန်ဖြေလာသည် "နင်ကရော ဘာလို့ဒီကို ရောက်နေတာလဲ?"

နဉ့်ကျီတွင် ဟောင်ရှောင်းယွဲ့အပေါ် ခံစားချက်သိပ်မရှိ။ သူမသည် ဒီအတိုင်း အလိုလိုက်ခံကြွက်စုတ်မလေးသာ။ တုံးအသည် ၊ တည့်တိုးဆန်သည် ၊ ကြမ်းတမ်းပြီးနူးညံ့သည် ၊ သွေးဆူလွယ်သည်။ သူမသည် မာယာများသူမျိုးမဟုတ်ဘဲ ဟုတ်လျှင်တောင် မြင်သာသူမျိုးဖြစ်သည်။  

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now