Chapter-7

3.2K 500 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

ယခုအချိန်တွင် နဉ့်ကျီသည် indicator၏ အကျိုးရှိမှုကို သတိထားမိပြီးဖြစ်သည်ပင်။ သူမ လုကု၏စိတ်အခြေအနေကို အချိန်မရွေး စစ်ဆေးနိုင်သည်။

"ဒီနေ့ကစပြီး ကျွန်မ ကုတင်ပေါ်မှာပဲ အိပ်တော့မယ်နော်" အလျင်အမြန် ငုံ့ချသွားသည့် လုကု၏မျက်လုံးတို့ကို နဉ့်ကျီကြည့်လိုက်သည် "ရှင်နဲ့အတူတူပေါ့"

လုကု၏နှုတ်ခမ်းများသည် တင်းတင်းစေ့လျက် သူ၏ဦးခေါင်းထက်က တိမ်တိုက်မည်းများမှာ အနည်းငယ် ပိုကြီးမားလာသလိုပင်။

အဲ့ဒါက သူပိုပြီး စိတ်ဆိုးလာပြီလို့ ဆိုလိုတာလား? 

အချို့သော အော်တစ်ဇင်လူနာများသည် သူတို့၏နယ်မြေအား ကျူးကျော်ခံရခြင်းကို မနှစ်သက်ကြပေ။ အမြဲတမ်း တစ်ယောက်တည်းသာ အိပ်နေကျသည့် လုကုအတွက်မူ နဉ့်ကျီ၏ သူ့အနားနီးကပ်လာမှုအား ကျင့်သားရရန်ခက်ခဲလေသည်။

နဉ့်ကျီ သူမ၏ခေါင်းအုံးကိုရွှေ့လိုက်ပြီး သူ့အား နေရာအကျယ်ကြီး ပေးလိုက်သည် "လုကုလို့ ၊ ကျွန်မခန္ဓာကိုယ်က ဆိုဖာပေါ်မှာအိပ်ရလို့ ကိုက်ခဲနေပြီ ၊ ညဆိုကောင်းကောင်းအိပ်လို့မရဘူး ၊ ကျွန်မ ကုတင်ပေါ်မှာ အိပ်ချင်တယ်"

သူမ ဒီတစ်ခုကိုတော့ အလျှော့ပေးမည်မဟုတ်ချေ။ လုကု စိတ်ဆိုးမည်ဆိုလျှင်တောင် သူမ ကုတင်ပေါ်တွင် အိပ်ရရန် ဆက်လက်တောင်းဆိုနေဦးမည်။

လုကုသည် ချောမောသည့် အမျိုးသားတစ်ယောက် ဖြစ်လေ၏။ သူ၏ဦးခေါင်းထက်တွင် လျှပ်စီးများနှင့်တိမ်မည်းများ ရှိနေသည်ကိုတောင် သူသည် ချစ်စရာကောင်းနေဆဲပင်။ နဉ့်ကျီ သူ့အား ချော့မြှူပြောဆိုလိုက်သည် "ကျွန်မတို့ အိပ်ယာကို တစ်ယောက်တစ်ခြမ်း ယူကြမယ်လေနော် ၊ ကျွန်မက အိပ်နေတဲ့အချိန်ဆိုရင် အများကြီးလှုပ်မနေတတ်ပါဘူး ၊ ကျွန်မရှိနေတယ်ဆိုတာ ရှင်သတိထားမိမှာတောင် မဟုတ်ဘူးရယ်"

လုကု၏မျက်လုံးများသည် အောက်သို့စိုက်ချထားပြီး သူ၏အရှိန်အဝါမှာ အေးစက်နေသည်။ သူသည် ဤအကြံဉာဏ်အား ဆက်လက်ခုခံလိုဆဲပုံ ရလေသည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now