Chapter-45

2.3K 404 14
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ အမှန်ပြင်ပေးလိုက်သည် "ငါက ဒီလောက်လှတာကို နတ်သမီးမမပေါ့ ၊ ရှောင်ကုကုတစ်ယောက်တည်းရဲ့ နတ်သမီးမမ"

လုကုအသေးလေးမှာ ခေါင်းမာသူပင် "ထူးဆန်းတဲ့အစ်မကြီး"

နဉ့်ကျီ မနေနိုင်စွာ သူ၏ပါးဖောင်းဖောင်းလေးများကိုဆွဲကာ မကျေမနပ်ပြောလိုက်သည် "လှတယ်ဆိုတာဘာလဲ ဒီအသက်အရွယ်မှာ သိဦးမှာမဟုတ်ပါဘူး ၊ ကြီးလာတော့ကျ ပိုတောင်ဆိုးသေး"

"ဆရာ ဒီမှာ" ရုတ်တရတ် ကလေးမလေးတစ်ဦး၏အသံကို ကြားလိုက်ရသည် "သူတို့တွေ အတန်းဖော်လုကုကို ဒီထဲခေါ်သွားတာ သမီးမြင်လိုက်တယ်"

ထို့နောက် အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည် "အခုချက်ချင်း ဆရာသွားပြီးတော့ ကြည့်လိုက်မယ် ကိုယ့်အတန်းကိုယ် ပြန်တော့နော်"

"ဆရာ သူတို့ လုကုကိုအနိုင်ကျင့်နေတာ သေချာပါတယ်ဆို ၊ ဟိုတစ်ခေါက် အတန်းချိန်ပြီးတုန်းကလည်း လုကုလွယ်အိတ်ထဲလျှောက်နှိုက် မြေကြီးပေါ်ပစ်ချပြီး ခြေထောက်နဲ့နင်းလိုက်တာ သမီး,မြင်လိုက်တယ် ၊ သူတို့ဒီလောက်ဆိုးတာ အတန်းထဲကကလေးတွေက သူတို့ပြန်မတိုင်ရဲကြဘူး" ကလေးမလေးသည် ဆရာဖြစ်သူအား ဆက်ပြောပြာနေသည်။

"ဟုတ်ပြီ ဆရာသွားကြည့်လိုက်မယ် ၊ သမီးပြောသလိုဟုတ်တယ်ဆိုရင် ဆရာ သူတို့ကို သေချာပေါက် အပြစ်ပေးပေးမယ်နော်"

ခြေသံများကို ကြားလိုက်ရသည့်အချိန်တွင် နဉ့်ကျီ အလွန်အံ့ဩသွားခဲ့သည် "ရှောင်ကုကု တစ်ယောက်ယောက်ရောက်လာပြီ ၊ မြန်မြန် အော်လိုက်"

တံခါးဖွင့်လိုက်သံကို နဉ့်ကျီကြားသည်။ သူမ လုကုအားလှည့်ကြည့်လိုက်ရာ ကောင်လေးသည် အသံတစ်သံမှမထွက်ဘဲ ပါးစပ်ပိတ်ထားသည်ကို တွေ့လိုက်ရ၏။ သူမ သူ့လက်အားဆွဲကာ တံခါးကို ထုရိုက်လိုက်သည်။

တံခါးထုရိုက်သံသည် တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်လာသည်။

အခန်းကျဉ်းလေး၏အပြင်ဘက်တွင် ဆရာသည် အတွင်းဆုံးအခန်းကျဉ်းလေးမှလာသည့် အသံကိုကြားလိုက်ရကာ အလျင်အမြန်ပြေးလာရင်း မေးသည် "လုကု သားအထဲမှာလား?"

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now