Chapter - 44

2.4K 449 13
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🦋

လုကုလေးသည် နက်မှောင်နေသော မျက်လုံးကြီးများ တဖျတ်ဖျတ်ခတ်ရင်း မော့ကြည့်လာခဲ့သည်။ အကြည့်များသည် ဗလာဖြစ်နေတုန်းပါပင်။

သူသည် နဉ့်ကျီ သူ့အား နောက်ဆုံးတစ်ခေါက်တွေ့ခဲ့သည့်အချိန်ကထက် ပိုထွားလာလေပြီ။

သူ၏ပါးလေးများပေါ်ရှိ ကလေးအဆီလေးများမှာ မရှိတော့ပြီဖြစ်ကာ အနည်းငယ်မျှသာ ဖောင်းကစ်တော့သည်ကို နဉ့်ကျီ သတိပြုမိသည်။ သူ၏ကြန်အင်လက္ခဏာတို့မှာ နူးညံ့အသေးစိတ်လှကာ လူချောလေးဖြစ်နေပေပြီ။

လုကုအသေးလေး၏ ဗလာသက်သက်အကြည့်ကိုပြန်ကြည့်ရင်း နဉ့်ကျီ သူ၏ပါးလေးကို ဆွဲလိုက်သည်။ သူ၏ပါးနုနုလေးမှာ ဆွဲရကောင်းတုန်းပင် "အစ်မကြီးကို မှတ်မိသေးရဲ့လား?" 

နက်မှောင်သောမျက်လုံးဝိုင်းဝိုင်းကြီးများသည် နဉ့်ကျီအားကြည့်လာပြီးနောက် ပြန်လွှဲသွားသည်။

လုကုအသေးလေး သူမအား မှတ်မိလာစေရန် နဉ့်ကျီ အတင်းအကြပ် တွန်းအားမပေးပါချေ။ သူမတို့နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်အနည်းငယ်မျှပင် ရှိနေလေရာ ဤကောင်လေး သူမအား မေ့သွားလောက်ပြီမှာ အတော်လေးသေချာသည်။

နဉ့်ကျီ ရှောင်ကုကု၏ခန္ဓာကိုယ်ကို စတင်စစ်ဆေးလိုက်သည်။ သူ ထိခိုက်ထားခြင်းမရှိတော့မှသာ နဉ့်ကျီ သက်ပြင်းချနိုင်၏ "ရှောင်ကုကုလေး ကြောက်နေလား? အစ်မကြီး ဒီထဲက ထုတ်ပေးမယ်နော်"

သာမန်ကလေးတစ်ယောက်ဆိုလျှင် သော့ပိတ်ခံထားရပါက အလွန်ကြောက်လန့်နေမည်ဖြစ်ကာ တံခါးကိုထုရိုက်ချင်ထုရိုက်ကာ အကူအညီတောင်းလိမ့်မည် သို့မဟုတ် ငိုယိုလိမ့်မည်။ သို့သော် လုကုအသေးလေးသည်တော့မလုပ်။

သော့ခတ်ခံထားရသည့်အချိန်တွင် ငြိမ်ငြိမ်လေးသာ ထိုင်နေခဲ့၏။

သူ၏တိတ်ဆိတ်သောစရိုက်ကြောင့် သူသည် အလွယ်တကူပစ်မှတ်ထားခံရကာ အမြဲတမ်းပင် မမျှမတဆက်ဆံခံရသည်။

နဉ့်ကျီ မတ်တတ်ရပ်ကာ ကလေးကို သူမနှင့်အတူခေါ်သွားရန် ပြင်လိုက်သည်။ ရုတ်တရတ် သူမတစ်ဦးသာ တံခါးကိုဖြတ်၍ရကာ တံခါးမှာသော့ခတ်ထားဆဲဖြစ်ကြောင်း အမှတ်ရသွားတော့သည်။ သူမတွင် လုကုအသေးလေးအား ထုတ်ပေးရန် နည်းလမ်းမရှိ။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now