Chapter-34

2.2K 370 7
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ သူ့ထံမှ အကြည့်မလွှဲနိုင်။

ကျယ်ပြန့်သောပုခုံး ၊ ကျစ်လျစ်သောခါးနှင့် ခြေတံရှည်များ။ 

ပြီးနောက် ထိုပြည့်စုံလွန်းလှသောမျက်နှာ။ ကျစ် ဤအရူးလေး၏အရာရာတိုင်းမှာ လုံးဝကို သူမအကြိုက်ချည်း ဖြစ်နေတော့သည်။

သူမ၏ရှေ့ရှိ အမျိုးသားသည် အော်တစ်ဇင်သာဖြစ်မနေပါက သူ၏ရုပ်ရည်နှင့် မိသားစုနောက်ခံမှာ လူအများအကြိုက်တွေ့စရာချည်းပင်။

"သွားကြစို့" နဉ့်ကျီ သူ၏လက်အား ဂရုတစိုက်ဖမ်းဆုပ်လျက် သူမ၏လက်ချောင်းများနှင့် သူ၏လက်ချောင်းများကို သွယ်ယှက်လိုက်သည်။

သူမလက်ချောင်း၏ နူးညံ့သောနေရာလေးနှင့် သူ၏လက်ချောင်းများအား တမင်တကာ ပွတ်သပ်လိုက်သည် "ညစာစားတဲ့အချိန်ကျရင် တခြားလူတွေအများကြီးလည်း ရှိနေကြမှာ ၊ ဒါပေမယ့် ရှင်ကြောက်စရာမလိုဘူးနော် ၊ ကျွန်မက တစ်ချိန်လုံး ရှင့်ဘေးမှာဘဲရှိနေမှာ။ စိတ်မပျော်တော့ဘူးဆိုရင် ကျွန်မကိုပြောပြရမယ် အဲ့ဒါဆို ကျွန်မတို့ပြန်ကြမယ် ဟုတ်ပြီလား?" 

လုကု သူ၏လက်ချောင်းများတွင် နူးညံ့သောတစ်စုံတစ်ခုက ကလိထိုးလာသကဲ့သို့ ခံစားမိလိုက်သည်။ သူ နဉ့်ကျီအား တစ်ချက်ကြည့်ကာ သူမ သူ၏လက်အား ဆုပ်ကိုင်ထားသည်ကို ငြင်းဆန်ခြင်းမပြုပေ။ 

သူ၏ဦးခေါင်းထက်ရှိ တိမ်မည်းလေးလည်း ပျောက်ကွယ်သွားသည်။ 

လင်မိသားစုသည် မကြာသေးမီက လူချမ်းသာများနေထိုင်သည့်နေရာကပ်လျက်က ခြံဝန်းအသေးတစ်ခုအား ဝယ်ယူခဲ့သည်။ 

အမေလင်၏မွေးနေ့အတွက် အတော်လေးကို ပြင်ဆင်မွမ်းမံထားသည်။ အပြင်အဆင်တိုင်းသည် ခမ်းနားကာ အသေးစိတ်လှသည်။ သူမသည် အခမ်းအနားသို့ တက်ရောက်ရန် မိတ်ဆွေနှင့် မိသားစုဝင် အတော်များများကိုပါ ဖိတ်ကြားထားသည်။ 

လင်ထန်းထန်းသည် အတော်ကြာကြာကပင် အိမ်ပြန်ရောက်နေခဲ့သည်။ 

သူမသည် ယနေ့တွင် သူမကိုယ်သူမ အထူးကောင်းမွန်စွာ ပြင်ဆင်ချယ်သလျက် သိမ်မွေ့ကာ စိတ်ကူးယဉ်ဆန်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏နို့နှစ်ရောင်အသားအရေနှင့်လိုက်ဖက်စွာ တောက်ပနေသည်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now