Chapter-21

2.8K 488 6
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

အရူးလေးသည် ရတနာသေတ္တာလေးဖြစ်သည်။ တစ်စုံတစ်ယောက်သည် အဖုံးအား နည်းနည်းလေးမျှသာ ဖွင့်ပေးရန်လိုအပ်ပြီး အထဲမှ အလင်းရောင်တို့သည် တောက်ပလာကြလိမ့်မည်သာ။

နဉ့်ကျီ လုကုထံ လျှောက်သွားလိုက်ပြီး သူ၏ရှပ်အင်္ကျီဆီ လက်လှမ်းကာ သူ့အတွက် ကြယ်သီးတပ်ပေးလိုက်သည် "ရှင်က အရမ်းကိုကြည့်ကောင်းတာပဲ လုကု"

အောက်သို့ချထားသည့် လုကု၏မျက်တောင်တို့ အသာအယာလှုပ်ခတ်သွားကြ၏။ သူ၏နှုတ်ခမ်းတို့အား တင်းတင်းကြပ်ကြပ် စေ့ပိတ်ထားပြီး သူ၏ဦးခေါင်းထက်ရှိ indicatorထဲတွင် နေလုံးလေးတစ်လုံး ပေါ်ထွက်လာ၏။

နဉ့်ကျီမှာ အားရဝမ်းသာစွာပင် အံ့ဩသွားရသည်။ အိုး ဒီတော့ သူက သူမဆီက မြှောက်ပင့်ခံရတာကို သဘောကျတယ်ပေါ့လေ?

လုကု ရုတ်တရတ် လှည့်ထွက်သွားပြီး အင်္ကျီတန်းတစ်တန်းဆီသို့ လျှောက်သွားသည့်အချိန်တွင် နဉ့်ကျီသည် မြှောက်ပင့်ချီးကျူးသည့် စကားတို့ကို ထပ်ပြောတော့မလို့ဖြစ်သည် "လှ"

သူသည် အလွန်ကာလာစုံလှသည့် မျက်စိနောက်စရာ ရှပ်လက်တိုများအား လက်ညှိုးထိုးပြနေလေသည်။ ဤစတိုင်လ်တို့မှာ အသက် ၄၀ ၅၀ သတ်လတ်ပိုင်း အမျိုးသားများအား ရည်ရွယ်သည်ဟု နဉ့်ကျီ သင်္ကာမကင်းဖြစ်မိသည်။

"လှ" လုကုထပ်ပြောလာပြန်သည်။ 

"ရှင် ဒီဟာကို ကြိုက်တာလား?" နဉ့်ကျီ မရေမရာဖြစ်သွားရသည်။ 

ချက်ချင်းပင် လုကုသည် ခေါင်းငြိမ့်ပြပြီး သူ၏နှုတ်ခမ်းတို့မှာ အထက်သို့ ကွေးညွှတ်သွားကြ၏။ သူ၏ပါးတစ်ဖက်တွင် ပါးချိုင့်သေးသေးလေးတစ်ခုပင် ရှိနေသေးသည်! 

နဉ့်ကျီ အံ့ဩသွားရသည်!

သူမတို့ ဆိုင်ထဲမှထွက်လာခဲ့သည့်အချိန်တွင် လုကုသည် သူကိုယ်တိုင်ရွေးထားသည့် နှင်းဆီပွင့်ကြီးများနှင့် ကာလာစုံရှပ်အား ဝတ်ဆင်ထား၏။ နဉ့်ကျီ indicatorထဲမှ ထွက်လာသော ဒုတိယနေလုံးလေးအားကြည့်ရင်း ရှပ်အင်္ကျီမှာ ထိုလောက်လည်းမဆိုးဟု ရုတ်တရတ် ခံစားမိသွားသည်။    

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें