Chapter-38

2.3K 415 5
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🍄

ယခုသည် နဉ့်ကျီ လုကုအား ဖက်ဖူးသည့် ပထမအကြိမ်မဟုတ်ချေ။ အတိတ်တုန်းက ကလေးတစ်ဦးတွင်သာ ရှိတတ်သည့် နို့နံ့သင်းသင်းလေးနှင့် ကလေးအဆီလေးများရှိသော လုကုငယ်ငယ်က ခန္ဓာကိုယ်သေးသေးလေးအားလည်း ပွေ့ဖက်ဖူးသည်ပင်။ 

သို့သော် ယခုလက်ရှိ သူမ၏လက်မောင်းများထဲတွင်ရှိနေသူမှာ အရွယ်ရောက်ပြီးလုကုဖြစ်၏။ 

ငယ်ငယ်တုန်းကနှင့်မတူဘဲ သူ၏ခန္ဓာကိုယ်မှာ တောင့်ဖြောင့်ကာ လန်းဆန်းသောရနံ့မျိုးကို ပိုင်ဆိုင်သည်။ သူ၏ပါးပြင်နွေးနွေးသည် သူမ၏လည်တိုင်ထက်တွင် ကပ်လျက်နေရာ လုကုနှင့်ထိနေသောနေရာမှာ စတင်ပူလောင်လာသလို နဉ့်ကျီ ခံစားလိုက်ရ၏။ 

"ရေနည်းနည်းလောက်သောက်မလား?" နဉ့်ကျီ နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့လိုက်သည်။ သူမ အနည်းငယ် ရေဆာလာသလိုလို။

လုကုသည် သူမ၏ပုခုံးထက်တွင် တရှုံ့ရှုံ့လုပ်လာသည်။ ထို့နောက် အနားမရသော ပိုကောင်လေးကဲ့သို့ ဟိုရွေ့သည်ရွေ့လုပ်နေသည်အားမရပ် "မင်း ၊ အေး"  

သူမကအေးတယ်လို့ သူထင်တာလား? 

နဉ့်ကျီ ထူးဆန်းသလို ခံစားရသည် "လုကု ၊ ရှင် ဘယ်နှစ်ခွက်သောက်လိုက်တာလဲ?" 

လုကု၏ မျက်လုံးနက်နက်များ ရီဝေလာသည်။ ကြောင်စီစီနှင့်ပင် သူဖြေသည် "နှစ်"

နှစ်ခွက်။ 

နဉ့်ကျီ မျက်မှောင်ကြုံ့ထားလိုက်မိသည်။

သူမ မသောက်သလို အစေခံမှ ဝိုင်လာချပေးသောအချိန်တုန်းကလည်း သူမနှင့်လုကုအတွက် ချမသွားစေလိုက်ပေ။ ဝိုင်ခွက်ဆိုသည်မှာ သူမတို့နေရာတွင် ရှိကိုရှိမနေခဲ့။ 

ဒီတော့ တစ်ယောက်ယောက်က လုကုကို တမင်တိုက်လိုက်တာပေါ့? 

နဉ့်ကျီ၏မျက်နှာ ပျက်ယွင်းသွားသည်။ 

ရုတ်တရတ် သူမ၏ခါးထက်က လုကု၏လက်များ ပိုမိုတင်းကြပ်လာသည်, သူ၏တစ်ကိုယ်လုံးအား သူမထံကပ်တွယ်ထားချင်သကဲ့သို့ပင်။

သူဖက်ထားသောကြောင့် နဉ့်ကျီမှာ အသက်ရှူပင်မရ။ သူမ သူ့အား အသာချော့မြှူလိုက်သည် "အရမ်းပူနေတာလား? ပူတာအပြင်ရော တခြားမသက်မသာ ဖြစ်သေးလား?" 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now