Chapter-31

2.2K 380 14
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

လုကုပြန်မဖြေ။

နဉ့်ကျီ အကြောင်းအရာကို ပြောင်းလိုက်သည် "ကောင်းပြီ ကုကုရဲ့ ပန်းပွင့်အောက်ခံဘောင်းဘီ သွားဝယ်ကြစို့"

လုကုသည် နဉ့်ကျီအား ဖြတ်ခနဲ တစ်ချက်ကြည့်လာသည်။ သူ၏အသံမှာ နက်နဲကာ ဆွဲဆောင်မှုရှိလှသည် "ငါ မင်းကို ဝယ်" 

"ငါ မင်းကိုပါဝယ်ပေးမယ်" 

နဉ့်ကျီ၏နှုတ်ခမ်းလေးများ ကွေးညွတ်သွားလျက် တမင် သူ့အား စနောက်လိုက်သည် "ရှင်က ကျွန်မကို ဝယ်မယ်ပေါ့လေ? ကျွန်မက သိပ်ဈေးကြီးတာနော်"

လုကုသည် သူ၏နှုတ်ခမ်းများအား တစ်ခဏမျှစေ့ပိတ်ထားလျက် သူမအား ဖြည်းဖြည်းချင်း ပြန်ပြောလာသည် "ရုပ် ဆိုး ၊ မလို ချင်"

ထိုသို့ ကြားရသောအခါ နဉ့်ကျီ ဒေါသထွက်စွာ သူ့အား ကိုက်ဆွဲပစ်လိုက်ချင်တော့သည်။ သူမကတောင် သူအရူးလေးဖြစ်နေတာကို စိတ်မရှိတာ သူကျ သူမရုပ်ဆိုးတာကို မကြိုက်ဘူးပေါ့လေ?

သူမတို့ ဆိုင်ထဲသို့ရောက်ရှိသွားချိန်တွင် နဉ့်ကျီ အရောင်းဝန်ထမ်းအား ပန်းပွင့်များပါသည့် အမျိုးသားအတွင်းခံ သို့မဟုတ် အရောင်တောက်တောက်အတွင်းခံ အကုန်လုံး တန်းယူလာခိုင်းလိုက်တော့သည်။ 

များပြားလှသော အဆင်များကိုကြည့်ရင်း နောက်ဆုံး နဉ့်ကျီအတွေးပေါက်သွားမိသည် ယောက်ျားတွေလည်း အတော်တတ်နိုင်သည်ဟူ၍။ 

"ရှင်ကြိုက်တာမှန်သမျှ အကုန်ယူလိုက်" နဉ့်ကျီ ရက်ရောစွာဆိုလိုက်သည်။

ထို့နောက် အရောင်းဝန်ထမ်းလေးမှာ အနီရောင်ဆွယ်တာကို ဝတ်ဆင်ထားသည့် အလွန်တရာကို ချောမောလှသော လူကြီးမင်းသည် အနီရဲရဲနှင်းဆီပွင့်ကြီးများပါသည့် အစိမ်းရောင်အောက်ခံဘောင်းဘီအား ယူလိုက်သည်ကို မြင်လိုက်ရတော့၏။

နဉ့်ကျီကမူ သူမ၏ခံနိုင်ရည်စွမ်းအင်အား မြှင်တင်ထားပြီးဖြစ်လေသည်။ ရုတ်တရတ် လုကု၏ဦးခေါင်းထက်တွင် နေလုံးလေးထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူမ သူ့အား အလွန်နူးညံ့ချိုသာစွာ ဆိုလိုက်သည် "တခြားကြိုက်တာရှိသေးလား? ရှင်ကြိုက်တာမှန်သမျှ ရှင့်အတွက် အကုန်လုံး ဝယ်ပေးမယ်"  

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now