Chapter-18

3K 464 13
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ မျက်မှောင်ကြုံ့လိုက်သည် "သူ့ကို နေလုံးတစ်လုံးနဲ့ကုလို့ရတယ်ဆိုပြီး နင်ပြောထားတာမဟုတ်ဘူးလား?"

Overlordသည် မြန်မြန်ဆန်ဆန်ပင် အသေးစိတ်ရှင်းပြလာလေသည် [Hostက လုကုကို တစ်ကြိမ်ကယ်တင်ပေးခဲ့ပြီးတော့ သူ့ရဲ့ရောဂါလက္ခဏာအချို့ကို သက်သာစေခဲ့ပါပြီ ၊ နောက်ထပ်အကြိမ်ရေအနည်းငယ်လောက် လုပ်ပေးမယ်ဆိုရင် Host ထူးခြားမှုကို မြင်နိုင်ပါလိမ့်မယ်နော်]

"နင်ဆိုလိုတာက သူ့ကိုကယ်တင်ပေးဖို့ ငါကဆက်ပြီးတော့ ပြန်သွားနေရဦးမယ်လို့လား?"

Overlord : [Hostက အရမ်းကို ထက်မြက်တာပဲ]

လုကုအားကုသရန်မှာ လွယ်ကူလောက်မည်မဟုတ်သည်ကို နဉ့်ကျီတွက်ချက်မိပြီးသားပင်။ နောက်ဆုံးတွင်လည်း တစ်ကယ့်လက်တွေ့ဘဝတွင် အော်တစ်ဇင်ရောဂါအား ကုသနိုင်ခြင်းမရှိပါပေ။

ယခုသည် မနက်ခင်းအချိန်ဖြစ်ကာ အပြင်ဘက်တွင် လင်းထိန်နေလေသည်။

နဉ့်ကျီနိုးလာသည့်အချိန်တွင် အနီရောင်အားကစားဝတ်စုံဖြင့် မနက်ခင်းလေ့ကျင့်ခန်း လုပ်ပြီးပြန်လာသော လုကုအား မြင်လိုက်ရ၏။

သူ၏ကလေးအဆီလေးများ မရှိတော့။ ထိုအစား သူ၏မျက်နှာမှာ အလွန်ကိုအချိုးအစားကျစွာဖြင့် သူ၏ခြေထောက်သေးသေးလေး နှစ်ချောင်းမှာလည်း ကြီးမားပြီးရှည်လျားသည့် ခြေထောက်များအဖြစ် ပြောင်းလဲသွားကြလေပြီ။ သူ၏ပြည့်ပြည့်ဖောင်းဖောင်း ကိုယ်လုံးလေးမှာ ယခုအချိန်တွင် တောင့်တင်းခိုင်ခံ့လို့နေပြီး သူ့တွင်အေးစက်စက်အကြည့်သာ ရှိ၏။

အမှန်ပင် လုကုအသေးလေးက ပိုချစ်စရာကောင်းသည်။

နဉ့်ကျီ အောက်ထပ်သို့ဆင်းလာပြီး ဧည့်ခန်းထဲတွင် ပန်းထိုးနေသည့် အမေလုအား တွေ့လိုက်ရသောအခါ သူမ အမေလုထံ အပြုံးတစ်ပွင့်နှင့်အတူ လျှောက်သွားလိုက်သည်။

အမေလုသည် ယနေ့တွင်လည်း အလွန်ကျက်သရေရှိစွာ ဝတ်ဆင်ထားဆဲပင်။ သူမ၏ပုံပန်းသွင်ပြင်မှာ သူမအတွက် အရေးကြီး‌ပေသည်။ သူမ၏လက်ကောက်ဖြစ်စေ လက်စွပ်ဖြစ်စေ စကားပြောဆိုပုံပင်ဖြစ်စေ သူမသည် နေ့တိုင်းနေ့တိုင်း ယင်းတို့အားတွဲဖက်ခြင်းတွင် အင်းအားစိုက်ထုတ်ထားလေ၏ "ဘာဖြစ်လို့လဲ?"

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now