Chapter-28

2.7K 475 8
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻 

နောက်တစ်ရက်မနက်ခင်းတွင် နဉ့်ကျီ ခရီးသည်ခုံတွင်ထိုင်စီးလျက် လုကုအသေးလေးနှင့်အတူ ကျောင်းလိုက်သွားပြန်သည်။

လုကုအသေးလေးနှင့် လုရှန်းယွမ်နှစ်ယောက်လုံး သူတို့၏ဘေးတွင် အမေလုထိုင်လျက် ကားအနောက်တွင် ထိုင်ကြသည်။ သူမသည် ကလေးများအား နေ့စဉ်ကျောင်းပို့ပေးခြင်းကို အရေးကြီးတာဝန်တစ်ရပ်ကဲ့သို့ပင် သဘောထားသည်။

အမေလုနှင့် လုရှန်းယွမ်တို့၏ စကားဝိုင်းမှ လုရှန်းယွမ်သည် academically-focused class(သာမန်အတန်းလိုမဟုတ်ဘဲ ပိုမြင့်ပြီးပိုကြိုးစားအားထုတ်ရတဲ့ အတန်းမျိုးပါ)တွင်ဖြစ်ပြီး လုကုအသေးလေးမှာ ပုံမှန်classတွင်ဖြစ်သည်။ နှစ်ယောက်သည် အတန်းမတူကြပေ။

အမေလုသည် သူတို့နှစ်ဦးအား တစ်ခန်းထဲအတူတူဖြစ်စေချင်မိသည်, သို့မှသာ လုကုလေးတွင် သူ့အားစောင့်ရှောက်ပေးမည့် အစ်ကိုကြီးရှိနေနိုင်လိမ့်မည်။ သို့သော်လည်း သူမသည် တစ်ကိုယ်ကောင်းဆန်သူတစ်ဦး မဟုတ်ကာ လုကုလေးအား ဂရုစိုက်နေရသောကြောင့် လုရှန်းယွမ်၏အဆင့်များကို မနစ်နာသွားစေချင်ပေ။

ကားသည် ကျောင်းရှေ့တွင် ရပ်လိုက်သည်။

လုရှန်းယွမ်သည် ကားထဲမှထွက်ပြီးနောက် ယဉ်ကျေးစွာပင် အမေလုအား လက်ဝှေ့ယမ်းပြ၏။

တစ်ဖက်တွင်မူ လုကုအသေးလေးသည် အနီရောင်ကျောပိုးအိတ်ကလေးကိုလွယ်လျက် ကျောင်းရှိရာဘက်ဆီသို့ ထိုင်းထိုင်းမှိုင်းမှိုင်းဖြင့် လျှောက်သွားလေ၏။

အမေလု သက်ပြင်းချလိုက်ပြီး သူမ၏သား အဝေးရောက်သွားမှသာလျှင် ကားထဲသို့ပြန်ဝင်သွားသည်။

နဉ့်ကျီ လုကုအသေးလေးနှင့်အတူ သူ၏အတန်းသို့ လိုက်သွား၏။ သူ၏နေရာမှာ ပြတင်းပေါက်လေးနားတွင်ပင်။

အတန်းချိန်စပြီးနောက်မှသာ လုကုအသေးလေး၏ ဘေးနေရာမှာ လွတ်နေကြောင်း နဉ့်ကျီတွေ့လိုက်ရတော့သည်။ သူ့တွင် ထိုင်ခုံဖော်မရှိပါချေ။

အတန်းထဲရှိ အခြားသူများအားလုံးတွင် ထိုင်ခုံဖော်ရှိ၏။ တစ်ယောက်တည်းထိုင်နေသည်မှာ သူတစ်ဦးတည်းသာ။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now