Chapter-19

2.8K 463 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ သူမဘေးတွင်ထိုင်နေသည့် လုကုအားကြည့်လိုက်ရာ သူ၏ဦးခေါင်းထက်ရှိ indicatorထဲတွင် တိမ်မည်းလေးအား တွေ့လိုက်ရ၏။ သူမ အူမြူးသွားရသည်။ 

အချို့သောအော်တစ်ဇင်ရောဂါသည်များသည် သူတို့၏နေ့စဉ်ပုံမှန်လည်ပတ်မှုရှိကြပြီး ဝင်ရောက်နှောင့်ယှက်ခံလိုက်ရသည့်အခါ သူတို့အား မပျော်မရွှင်ဖြစ်စေကာ စိတ်မငြိမ်မသက် ဖြစ်သွားစေတတ်သည်။ 

လုကုသည် မနက်ခင်းတိုင်း ပြေးလေ့ရှိပြီး, ထို့နောက် ပဟေဠိများဆက်ကာ ကွန်ပြူတာနှင့် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။  နေ့လယ်ခင်းတွင်မူ နာရီအတိအကျဖြင့် စာဖတ်လေသည်။ သူတို့တွင် အချက်ပေးနာရီတပ်ဆင်ထားသကဲ့သို့ တင်းကြပ်ကာ ပျင်းစရာကောင်းလှပေသည်။ 

နဉ့်ကျီထံမှ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသောကြောင့် သူ၏နေ့စဉ်လုပ်ငန်းမှာ နှောင့်ယှက်ခံလိုက်ရသည်ဖြစ်ရာ လုကုသည် ယခုကဲ့သို့ စိတ်ဆိုးနေရခြင်းဖြစ်၏။ 

နဉ့်ကျီ လုကုအား အပြင်ခေါ်မထုတ်ခင် အမေလု၏ခွင့်ပြုချက်အား ယူထားပြီးဖြစ်သည်။ အမေလုသည် အံ့ဩသွားခဲ့သော်လည်း ချက်ချင်းပင်သဘောတူခဲ့သည်။ နောက်ဆုံးတွင်လည်း လုကု အိမ်ပြင်မထွက်သည်မှာ အချိန်အတော်ကိုကြာနေလေပြီ။ သူမသည် သူမ၏သားအား လူများနှင့် ပိုမိုထိတွေ့ကာ သူတို့နှင့်အဆက်အသွယ်ပြုလုပ်ပြီး ဤနည်းအားဖြင့် သူ၏ရောဂါလက္ခဏာတို့အား သက်သာသွားစေနိုင်ရန် မျှော်လင့်မိသည်။ 

သူ့အား အိမ်ပြင်ခေါ်ထုတ်နိုင်ခဲ့သောကြောင့် နဉ့်ကျီသည် အလွန်ကိုပျော်ရွှင်နေလေသည်။ 

သူမတို့နှစ်ယောက်ထွက်ခွာသည့်အချိန်တွင် အမေလုသည် ကိုယ်ရံတော်အနည်းငယ်အား သူမတို့နှင့်အတူ လိုက်ပါစေခဲ့သည်။ အမှန်မှာ အမေလုသည် နဉ့်ကျီအား လုကု၏အရံကတ်များထဲမှ တစ်ကတ်ဖြစ်သည့် credit cardတစ်ကတ်ကိုပါ ပေးလိုက်သည်။ 

ကတ်သည် အကန့်အသတ်မရှိကြောင်းကိုလည်း အိမ်တော်ထိန်းသည် နဉ့်ကျီအား အသိပေးလိုက်သေးသည်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now