UNI...
ဟန်ဆုယောင်း။
ကျွန်တော်သဘောကျရတဲ့ပန်းလှလှလေးတစ်ပွင့်။ဆုယောင်းက ကျောင်းရဲ့ စံပြကျောင်းသူလည်း မဟုတ်ဘူး။အတန်းခေါင်းဆောင်းလည်း မဟုတ်ဘူး။ယောင်္ကျားလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့လှပတဲ့မိန်းကလေးလည်း မဟုတ်ဘူး။ဒီအတိုင်း ရိုးရိုးရှင်းရှင်းလေးနဲ့ အနေအေးတဲ့မိန်းကလေးတစ်ယောက်။ပြီးတော့ ကျွန်တော့်နှလုံးသားကို ဖမ်းဆုပ်ထားတဲ့ကောင်မလေး။အပြုံးတွေက နွေးထွေးလွန်းလို့ ဆောင်းရာသီမှာတောင်
အနွေးဓာတ်တွေရစေသည်။အဝေးကနေ တိတ်တခိုးလေး ကြည့်နေရင်း ပိုင်ဆိုင်ချင်တဲ့စိတ်ဖြစ်ပေါ်လာတာ ဆုယောင်းရဲ့အပြုံးတွေက တောက်ပနေလို့ ဖြစ်ရမည်။အားကစားချိန်မှာ သူငယ်ချင်းတွေနဲ့ ကြက်တောင်ရိုက်နေတဲ့ဆုယောင်းက တစ်ယောက်တည်း လင်းလက်ပြီး တောက်ပနေတာ ကျွန်တော့်မျက်လုံးတွေ မလွှဲပစ်နိုင်တဲ့အထိဖြစ်လေသည်။
"ဂယောင်ဆူး!!!!"
အူတတ်သွားတဲ့နားရွက်ကို လက်နဲ့ပွတ်ပြီး တစ်ဖက်လူကို မကျေမနပ်ကြည့်မိတော့ အစ်ကိုမင်ဆော့ဖြစ်နေ၍ မအီမသာနှင့် ရယ်ပြလိုက်ရသည်။အစ်ကိုမင်ဆော့နေရာမှာ တစ်ခြားသူဆို ထထိုးပစ်တာကြာပြီ။
"ငါ ခေါ်နေတာ ကြာနေပြီ။ဘာတွေ ဒီလောက် ငေးနေရတာလဲ"
"ဒီအတိုင်း ရူခင်းလေးက လှလို့"
"ဒီအားကစားကွင်းက ? "
မြက်ပင်တွေက လွှဲ၍ မရှိတဲ့အားကစားကွင်းကို အစ်ကိုမင်ဆော့က ကြည့်လျက် နားမ
လည်နိူင်ဖြစ်နေသည်။ကျွန်တော်ပြောတဲ့ ရူခင်းလေးက ဒီအတိုင်းလေး လှပနေတာကို ဘယ်သူမှ မမြင်ကြဘူးပဲ။"မလှဘူးလား..အရမ်းလှတာကို"
ဆုယောင်းကို လှမ်းကြည့်လျက် ရေရွတ်လိုက်တော့ အစ်ကိုမင်ဆော့က ခေါင်းတစ်ရမ်းရမ်းနှင့်။
"မင်းအမြင်မှာ ငါတို့အားကစားကွင်းတာ တအားလှနေတာလား"
"ဟုတ် ။ အရမ်းလှနေတယ်"
အားကစားကွင်းထဲမှာ ဆုယောင်းရှိနေလို့လေ။ကျွန်တော်အတွက် ဆုယောင်းရှိတဲ့နေရာတိုင်းက လှပသည်။ဆုယောင်းက ကျွန်တော်အတွက် အေးချမ်းရာလေး၊အမောပြေလေး။ပြီးတော့ အမြဲတမ်း လှပတင့်တယ်နေတဲ့ပန်းပွင့်လေး။