Part 5

402 64 52
                                    


UNI...

“ဂျောင်လေးမှာ သဘောကျနေတဲ့သူ ရှိပြီလား"

ထမင်းဝိုင်းမှာ အစီအစဉ်မကျထွက်လာသော
မေမေ့စကားသံဖြစ်သည်။တစ်ခုခုရိပ်မိနေသလားဆိုသည့်အတွေးနှင့် ထမင်းပင် မနည်းမြိုချလိုက်ရသည်။

"အဟွတ် .. အဟွတ် "

"ရှိနေတာပဲ"

ထမင်းမသီးသွားပေမယ့် ချောင်းဆိုးတာကတော့
မရပ်သွား။ကျွန်တော်အပြုအမှုကို ကြည့်လျက် အကဲခတ်နေတဲ့မေမေ့မျက်နှာဟာ ပုံမှန်မဟုတ်ဘဲ တင်းမာနေသည်။မေမေနဲ့ဖေဖေက ကျောင်းတတ်နေတဲ့အချိန် ရည်းစားထားတာကို လုံးဝ မကြိုက်။ကျောင်းစာသင်ချိန်မှာ စာပဲ အာရုံစိုက်ပြီး တက္ကသိုလ်ရောက်မှ စိတ်ကြိုက်ရွေးချယ်တဲ့လေ။

"ဟို..ချစ်သူရည်းစားအဆင့်ထိ မဖြစ်သေးပါဘူး"

"ဖြစ်လို့လည်း မရဘူး ဂျောင်လေး ။စာပဲ အာရုံစိုက်ရမယ် ကြားလား!!"

"ဟုတ်ကဲ့"

"‌မေမေ့သားလေးက လိမ္မာလိုက်တာ"

မျက်နှာငယ်လေးနှင့် ခေါင်းငြိမ့်ပြလိုက်မှ မေမေက စိတ်ချမ်းသားသွားသည်။ကျွန်တော်ကတော့ ဝမ်းနည်းစိတ်ဖြင့် ရင်ထဲ နေလို့မကောင်းတော့
ပေ။နောက်လ အားကစားပွဲအပြီးမှ ဆုယောင်းကို ဖွင့်ပြောဖို့အတွက် စီစဉ်ထားတာကို ဘယ်လိုဆက်လုပ်ရမလဲ။မေမေက သူမကြိုက်တာ လုပ်ရင် ကျွန်တော် တစ်သက်လုံး စိတ်ဆိုးပြီး စကားပြောတော့မှာမဟုတ်ဘူး။

“ဂျောင်လေး  ထမင်းစားပြီးရင်
ဒါလေး ကိုကိုဆီ သွားပို့ပေးဦး”

လူက ခံစားချက် မကောင်းပါဘူးဆို..။အလုပ်ခိုင်းတဲ့မေမေကြောင့် ကျွန်တော့်စိတ်က မရွှင်မလန်း၊မျက်နှာကလည်း မှုန်ကုတ်နေမှာ သေချာသည်။မေမေတို့က ကျောင်းမပိတ်လိုက်နဲ့။ပိတ်လိုက်တာနဲ့ ခိုင်းတော့သည်။

အထုပ်ဆွဲပြီး Taxi စီးရန် လမ်းထိပ်ထွက်လာခဲ့သည်။နီးစပ်ရာ Taxi တားပြီး ကိုကိုတို့အိမ်လိပ်စာပေးလိုက်သည်။ ကားပေါ်မှာ တရေးတမောအိပ်ရန် တွေးလိုက်ပေမယ့် မြည်လာသောဖုန်းကြောင့် မအိပ်လိုက်ရပါ။

MY BAE IS LIARWhere stories live. Discover now