Part 13

313 55 10
                                    

UNI...

အားကစားပြိုင်ပွဲမှာ အနိုင်ရသွားတာကို အပျော်လွန်းပြီး ခုန်ပေါက်နေတဲ့အချိန် ကျွန်တော်ကို ပျားရည်တွေ စိမ့်ထွက်နေသည့်မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ကိုကိုကြောင့် ဟန်ချက်ပျက်ကာ ခြေခေါက်လဲကျသွားလေသည်။ထိုအခိုက်အတန့်မှာ နာကျင်မှုဆိုတာကို မခံစားနိုင်မိ။ချက်ချင်း ကျွန်တော်ဆီ စိတ်ပူစွာပြေးလာသည့်ကိုကိုရဲ့ပူထူနေတဲ့မျက်နှာကိုကြည့်ရင်း ရင်ထဲ နွေးထွေးပြီးရင်း နွေးထွေးနေခဲ့သည်။လူအုပ်တွေကို တွန်းထုတ်ပြီး ကျွန်တော်ဆီ ကိုကို‌ရောက်လာတော့ အနားမှာဂျုံအင်က နေရာဖယ်ပေးသည်။

«အရမ်း နာသွားလား»

«ဟင့်အင်း»

«သွေးပူနေတုန်း မနာတာ ဖြစ်မယ်။ဆေးခန်းသွားကြမယ်»

«အင်း »

ကျွန်တော်ကို ကောက်ပွေ့လိုက်များ အရုပ်လေးတစ်ရုပ်လိုပဲ။လန့်ပြီး လည်ပင်းကို သိုင်းဖက်မိတော့ နီးကပ်နေတဲ့မျက်နှာကြောင့် ရင်ထဲ လှိုက်တတ်လာသည့်အနေရခက်မှုတွေ။

«ဘာလို့ ဒီလို လုပ်တာလဲ။လူတွေ အများကြီးကို»

«ကြည့်နေတဲ့မျက်လုံးတွေများတော့ ပိုကောင်းသေးတာပေါ့»

«ဘာကောင်းလဲ။ဒီလောက် စိတ်ရှုပ်ဖို့ကောင်းတာကို»

ကျွန်တော် တိုးတိုးလေး ပြန်ပြောလိုက်တော့ ကိုကိုက မျက်တောင်လေးတွေ ခတ်ရင်း ငြိမ်သွားသည်။ကျွန်တော်ကိုယ်က လေးလို့ထင်၊ကိုကိုက
ကျောင်းဆေးခန်း ရောက်သည့်အထိ ဘာမှဆက်မပြောတော့။

ခြေထောက်လေးခေါက်တာကို ဘေးနားက ပူထူနေသည့်ကိုကိုကြောင့် ဆရာဝန်က ဘာဆက်လုပ်ရမှန်းမသိဖြစ်ရသည်။လူနာထက် ပိုနာပြနေတဲ့ကိုကိုဟာ ဆရာဝန်မျက်လုံးထဲ ဆံပင်မွှေးစူးစရာပင်။

«ကိုကို အပြင် ခဏ ထွက်ပေးပါလား»

မဟုတ်ရင် ဆရာဝန်ဆီက ကိုကို အအော်ခံရတော့မည်။

«ဘာလို့လဲ»

နှင်ထုတ်လိုက်သည့်ကို ဘဝင်မကျဖြစ်နေသောကိုကိုအား ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ကျွန်တော် တစ်ခုခုဖြစ်ရင် အနားကမခွာတတ်တဲ့ကိုကိုရဲ့အဲ့ဒီမကောင်းသည့်အကျင့်တွေ ဘယ်တော့မှ ပျောက်မှာလဲ။

MY BAE IS LIARWhere stories live. Discover now