UNI...
စာမေးပွဲပြီးသည့်နှင့် တန်းလက်ထပ်ရန် တွေးထားသော်လည်း အချိန်ယူနေသည့်Baeကြောင့် လက်ထပ်ပွဲက ကြန့်ကြာနေခဲ့သည်။မိဘတွေဆီမှာ လက်ထပ်ပွဲသတင်းစကားကြားပြီး စိတ်ကောက်နေသည့်Baeကို ကျွန်တော်မှာ မနည်းချော့ယူနေရသည်။လက်ထပ်ပွဲသာ ကျင်းပလိုက်ရင် တစ်သက်လုံး စိတ်ဆိုးလို့ ပြီးမှမဟုတ်ဘူး။
သူကို လုပ်ချင်သလိုလုပ်လို့ရတဲ့သူမှတ်နေသလား ဆိုသည့်စကားနှင့် ကိုင်ပေါက်ပြီး ကျွန်တော်ကို အနိူင်ယူလာလေတော့ တစ်ထစ်လျော့ပေးလိုက်ရပြန်သည်။ကိုယ်က သူကို ကြမ်းကြမ်းတမ်းတမ်း
အရယူခဲ့တဲ့သူလေ။ထပ်ပြီး သဘောမတူဘဲ လက်ထပ်ပွဲကျင်းပလိုက်ရင် ကျွန်တော်ကို တစ်သက်လုံး မုန်းသွားလိမ့်မည်။ဖြည်းဖြည်းချင်း Baeရဲ့စိတ်ကို အရယူရန်တွေးထားပေမယ့် လက်တွေ့မှာ ခက်ခဲနေမှန်း သိလိုက်ရသည်။
အရက်ကြောင့်နှင့် ရဲတင်းခဲ့သည့်ကို ကြုံလျှင်ကြုံသလို စိတ်နာပြတတ်သည့် Baeဟာ ဆုယောင်းရဲ့ဝေးရမည့်အကြောင်းကိုလည်း တွေး၊တွေးပြီး ငိုလေ့ရှိသူဖြစ်သည်။
ငိုတိုင်းလည်း အမှတ်မရှိ ချော့ပြီး တောင်းပန်စရာ တဖွာဖွာပြောရသည်။
ကိုယ်က သူ့မျက်ရည်တွေကို မကြည့်ရက်သူလေ။
«ဘာလို့ ငိုနေရပြန်တာလဲ »
«....»
«တောင်းပန်ပါတယ်။မငိုပါနဲ့တော့»
အလုံပိတ်အခန်းထဲ တစ်နေ့ကုန်ငိုနေသောမျက်လုံးဝိုင်းဝိုင်းလေးတွေက အစ်မို့ပြီးဖောင်းကားနေသည်။မနားတမ်းငိုနေသောသူက အခုထိ ထမင်းမစားဘဲ တစ်နေကုန် ငိုပွဲဆင်နေတော့ မိဘတွေကလည်း စိတ်ပူနေပြီ။
«ကိုကို မှားသွားခဲ့တယ်။နောက် Bae ရဲ့ခန္ဓာကိုယ်ကို ထိချင်သလို မထိတော့ဘူးနော်»
မျက်ဝန်းဝိုင်းဝိုင်းလေးတွေအောက်မှာ မျက်ရည်ဥတွေကို ဖယ်ရှားရင်းမှ ဆိုလိုက်သည်။ထိုအခါ ရှိုက်ငင်နေသောသူက ကျွန်တော်ကို ကြည့်လာလေသည်။
«ဟင့်။ကျွန်တော် နားလည်ပါတယ်။အရက်ကြောင့် ကိုကို လူဆိုးဖြစ်သွားတာ »