UNI...
ကျွန်တော် ကျောင်းတတ်ရက်တွေက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။ကိုကိုကလည်း ကျောင်းကို ရောက်မလာတော့သလို ကျွန်တော်လည်း စိတ်ရှုပ်စရာမလိုတော့ချေ။ပုံမှန်အတိုင်း ကစားလေ့ကျင့်ရေးဆင်းပြီး ကျောင်းတတ်ရက်တွေကို သဘာဝကျကျကုန်ဆုံးဖြစ်သည်။
အရာအရာအတိုင်းက ပုံမှန်အတိုင်းပြန်ဖြစ်လာပေမယ့် ကျွန်တော့်စိတ်က ပုံမှန်မဘဲ နွမ်းလျနေခဲ့သည်။တစ်စုံတစ်ရာကို လွမ်းဆွေးပြီး တောင်းတနေမိသည်။
“ဂယောင်ဆူး ”
“ဟင်”
ဆုယောင်းက နေပြန်ကောင်းသည့်နှင့် ကျွန်တော်ဆီ ရောက်လာခဲ့သည်။ဒါပေမယ့် ကျွန်တော့်စိတ်ထဲ တစ်ခုခု လိုအပ်နေသလို ခံစားရသည်။ဘယ်အရာလဲဆိုတာတော့ ကျွန်တော်မပြောတတ်လောက်အောင် စိတ်ရှုပ်နေရသည်။
"ဖိုက်တင်း "
အပြုံးလေးတစ်ပွင့်နှင့်ပြောလာသည့် ဆုယောင်းစကားကို ကျွန်တော် အားတုန့်အားနာဖြင့် ပြုံးပြလိုက်သည်။ဆုယောင်း နေမကောင်းဖြစ်နေတုန်းက ကျွန်တော် နည်းနည်းလေးမှ မဆက်သွယ်ခဲ့ဘူးလေ။ကြားထဲ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ရင်းဖုန်းဆက်ဖို့အတွက် အများကြီး တွေးဝေနေမိသည်။
"သက်သာသွားပြီလား"
"အင်း"
"ဖုန်းဆက်ဖို့လုပ်ပေမယ့် ငါလည်း မအားတာကြောင့် မဆက်သွယ်မိလိုက်ဘူး"
"ရပါတယ်။နင် မအားတာ ငါသိတာပဲ"
စိတ်ထားလှလှလေးဖြင့် ဆုယောင်းက တကယ်ကို လေးစားစရာကောင်းသည်။စိတ်ဆိုး၊စိတ်ကောက်မရှိဘဲ အရာတိုင်းကို နားလည်ခွင့်လွှတ်ပေးနိုင်သည်။
"ပြိုင်ပွဲနေ့ လာအားပေးမယ် မဟုတ်လား"
"ဒါပေါ့။ငါက ဘောလုံးပြိုင်ပွဲဆို ဘယ်တုန်းက လက်လွှတ်ခံဖူးလို့လဲ"
"ဟုတ်သားပဲ »
အားကစားကွင်းရဲ့ လှေကားထစ်လေးမှာ ထိုင်နေသည့်ကျွန်တော်နှင့်ဆုယောင်းကြား အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ကျွန်တော်ဘက်က ဘာဆက်ပြောရင် ကောင်းမလဲဆိုပြီး အတွေးများခြင်းမရှိဘဲ မြင်နေရသည့်မြက်ခင်းပြင်ကြီးကိုသာ ငေးမောနေမိသည်။ဘာကြောင့်မှန်းမသိ။ထိုမြင်ခင်းကို ကြည့်ပြီး စိတ်ထဲ လွမ်းဆွတ်ခြင်းဆိုတာကိုလည်း ခံစားနေရသည်။