Part 8

356 64 22
                                    

UNI...

အားကစားပြိုင်ပွဲနီးလာလေတော့ ကိုကိုက
ကျောင်းကို နေတိုင်းနီးပါးရောက်လာတတ်သည်။တစ်ခါတရံ လေ့ကျင့်ရင်း စားဖို့အတွက် မုန့်တွေဝယ်လာခဲ့ပေးသည်။ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်ဘဲ အားလုံးစားဖို့အတွက်ပါ ဝယ်လာပေးတဲ့ကိုကိုက ကျွန်တော့်အမြင်မှာ ပိုက်ဆံဖြုန်းနေသည့်သူနဲ့ မခြားနားပင်။ဂျုံအင်ကတော့ သူစားနေရ၍ သဘောကောင်းတယ် ဆိုကာ အမြဲကောင်းချီးပေးသည်။

ဒီနေ့လည်း ကိုကိုက မုန့်ထုပ်တွေနှင့်အတူ ကျောင်းကို ရောက်လာပြန်သည်။အားကစားလုပ်ပြီး ပြန်လာသည့်ကျွန်တော်တို့ကို ပြုံး၍ အဝတ်လဲခန်းထိပ်မှာ စောင့်နေသည့်ကိုကိုဟာ အလုပ်မရှိဘူးလား။နှာခေါင်းကို ရှုံ့တွပြီး ကိုကိုဘေးနားမှာ ဖြတ်လျှောက်လာခဲ့သည်။ဂျုံအင်ကတော့ ကိုကို့လက်ထဲက အထုပ်တွေကို အပြေးအလွှား ကူဆွဲပေး၏။

"အစ်ကိုချန်း‌ယောလ်..ဟိုဘက်က အထုပ်ပေး။ကျွန်တော် ကူသယ်ပေးမယ်"

"ဒီအထုပ်ယူ။အဲ့အိတ်ထဲမှာ မင်းကြိုက်တဲ့ကြက်ကြော်ပါတယ်"

ဂျုံအင်မျက်နှာကြီး ပြုံးဖြီးနေမှာ မြင်ယောင်သည်။ကြက်ကြော်ဆို အသေကြိုက်တဲ့ဂျုံအင်က ဘယ်လောက်စားရ၊စားရ ဝသည် မရှိပါ။စားရတဲ့ကလေး ပိုငတ်မယ်ဆိုတာ အမှန်ဖြစ်သည်။

အားကစားဝတ်စုံကို ချွတ်၍ Locker ထဲမှာ ကျောင်းအင်္ကျီကို ယူဝတ်လိုက်သည်။ကျောင်းအင်္ကျီကြယ်သီးတပ်နေစဉ်မှာပဲ ဂျုံအင်က အခန်းထဲရောက်လာသည်။

"ပေါ်လာသေးတယ်နော်"

"ဒါပေါ့။လာရမယ်‌လေ။ကျောင်းဝတ်စုံလေးတော့ လဲရမှာပေါ့။ငါက ကျောင်းအင်္ကျီနဲ့ဆို အရမ်းမိုက်တယ်"

ဂျုံအင်က သူ့ဆံပင်တွေကို သပ်တင်ပြီးဆိုလာလေတော့ ကျွန်တော် အော်ရယ်ပစ်လိုက်သည်။

" အရူး။အဲ့စကား မင်းကို ဘယ်သူပြောလိုက်တာလဲ"

"အတန်းထဲက ကောင်မလေးတွေ ပြောနေကြတာ မင်း မကြားဘူးလား။ငါက ကျောင်းမှာ နာမည်ကြီး"

ဂျုံအင်က သူ့အားကစားဝတ်စုံကို ချွတ်ပြီး Locker ထဲ ထိုးထည့်လိုက်သည်။ပြီးမှ ကျောင်းအင်္ကျီကို ဆွဲယူလိုက်သည်။အင်္ကျီမရှိတဲ့ဂျုံအင် ခန္ဓာကိုယ်ပေါ်မှာ ယောင်္ကျားပီသမှုကိုမြင်တော့  ပါးစပ်‌အဟောင်းသားဖြစ်သွားသည်။ဒီကောင်က six packs တွေနဲ့လား။

MY BAE IS LIARजहाँ कहानियाँ रहती हैं। अभी खोजें