Part 3

389 63 11
                                    

UNI.....

ကိုကို့မိဘတွေက မေမေရဲ့သူငယ်ချင်းအရင်းကြီးတွေဖြစ်၏။ထို့အပြင် စီးပွားရေးအဆင်မပြေလည်၍ အမေရိကန်ထွက်သွားသည့်အချိန်မှာ မေမေ့ထံပါးမှာ ကိုကို့ကို စိတ်ချစွာ ထားခဲ့သည်။ကျွန်တော်ပင် လူလောကထဲ မရှိသေးသည့်အချိန်ကာလအပိုင်းခြားဖြစ်၏။ထိုအချိန်ကတည်း
မေမေ့အနားမှာ ကပ်ချွဲနေသောကိုကိုဟာ မေမေရဲ့အသည်းဦးလေး၏။စကားတတ်ရုံမက
(၆)နှစ်သားလေးက သိပ်သိတတ်၏။ကိုယ်ဝန်ဆောင်သည်မေမေကို ပြုစုစောင့်ရှောက်
ပေးသည်။ဝေယျာဝစ္စပြုလုပ်ပေးသည်။ထိုမျှမဟုတ် မွေးဖွားလာသည့်ကျွန်တော်ကိုလည်း ထိန်းကျောင်းပေးသည်။

ကျွန်တော့်ငယ်ဘဝအမှတ်တရတွေဟာ ကိုကိုနှင့်ပြည့်နှက်လျက်ရှိပြီး ကိုကို့အချစ်တွေနှင့်အရွယ်ရောက်လာခဲ့သည်။ထို့ကြောင့် ကျွန်တော် တွေးမိသည်။ကျွန်တော်အနားမှာအချိန်ပြည့် ရှိနေခဲ့တဲ့လူတစ်ယောက်ကို အစ်ကိုအရင်းတစ်ယောက် ဟုတွေးထင်မိသည်က ကျွန်တော့်အပြစ်တော့ မဟုတ်နိုင်။

ကျွန်တော် ကစားဖော်က ကိုကိုဖြစ်ခဲ့ပြီး ကျွန်တော်ကို ထိန်းကျောင်းပေးခဲ့သူကလည်း ကိုကိုဖြစ်နေခဲ့သည်။သူသွားလေရာ ကျွန်တော်ကို ခေါ်ပြီး ဟိုဟာ၊ဒီဟာ ကျွန်တော်ပူဆာသမျှကို ဖြည့်ဆည်းပေးသည်။‌ထိုအပြင် ကိုကို့အိမ်စာ,စာအုပ်တွေ ကျွန်တော်က ဆုပ်ဖြဲပြီး ဝါးစားပစ်လည်း စိတ်မဆိုး။ချစ်ဖို့ကောင်းတယ်ဆိုပြီး ကျွန်တော့်ပါးဖောင်းဖောင်းလေးတွေကို ကိုက်ပစ်တတ်သည်။

"အား..ငါ ရူးတော့မှာပဲ"

အိပ်ရာထဲ လှိမ့်၍ ကိုယ်ပေါ်က စောင်ကို စိတ်ရှုပ်စွာ ကန်ထုတ်ပစ်လိုက်သည်။ကျောင်းပိတ်ရက်ဖြစ်၍ ဆုယောင်းကို လွမ်းတယ်ရွေရွတ်ပြီး တကယ်တမ်း တွေးမိတော့ ကိုကို့အကြောင်းတဲ့လေ။

ဒီအကြောင်းတွေ ဂျုံအင်းသာ သိရင် ကျွန်တော်ကို ဟားတိုက်ရယ်နေတော့မည်။

"ဂျောင်လေး~"

အိပ်ရာထက် ခွေအိပ်နေတဲ့ကျွန်တော်ဆီ မေမေက  ရောက်ချလာသည်။မနက်မိုးလင်းကတည်းက ထမင်းမစားဘဲ အိပ်နေတဲ့ကျွန်တော်ကို မေမေ စိတ်ပူရောပေါ့။

MY BAE IS LIARWhere stories live. Discover now