Part 14

369 54 22
                                    

UNI....

အထပ်ထပ် ရစ်ပတ်ခဲ့သည့်သံ‌ယောဇဉ်ကြိုးတွေ၊ဓားနဲ့ဖြတ်ရင်တောင် မပြတ်သည့် Baeအပေါ်ထားသည့် ကျွန်တော့်စိတ်ရင်းအမှန်တွေ။ဒါတွေက Baeအတွက် စိတ်ရှုပ်စရာဖြစ်ချင်ဖြစ်နေလိမ့်မည်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ကျွန်တော့်ရဲ့မေတ္တာတွေကြောင့် ‌Baeရဲ့စိတ်နှလုံးလေး ငြိမ်ချမ်းဖို့ မျှော်လင့်ခဲ့သည်။တစ်ဖက်သတ်အချစ်တွေဖြင့် အနှစ်နှစ်လလ သိမ်းထားခဲ့သောခံစားချက်တွေက အချိန်ကြာလာသည့်နှင့်အမျှ ပို၍ ပို၍ ကြီးထွားလာခဲ့သည်။သိမ်းဆည်းမရနိုင်အောင် များပြားလာသည့်အချစ်မေတ္တာတရားတွေက တဖြည်းဖြည်းနှင့် Baeအပေါ် ယိုစိမ့်ကျသွားလေတော့ Baeက အနေရခက်စွာ ရှောင်ဖယ်သွားလေသည်။

Baeမှမဟုတ်ရင် မခုန်သည့်ကျွန်တော့်နှလုံးသားက တစ်ခြားတစ်ယောက်ကို ပြောင်းချစ်ဖို့မချစ်နိုင်သလို ဒီကောင်လေးမှ ပြန်မချစ်ရင်လည်း ရူးရလိမ့်မည်။

နှစ်ဖက်မိဘတွေကအစ ရိပ်စားမိသည့်ကျွန်တော့်ချစ်ခြင်းမေတ္တာတရားတွေကို Bae ကတော့ တုံး,အ ပြီး မမြင်ခဲ့ဘူး။သူကို ကျွန်တော်က ညီလေးတစ်ယောက်လို၊ကလေးလေးတစ်ယောက်လို သဘောထားသည် ထင်မှတ်နေပုံရသည်။ကျွန်တော်ရဲ့ဝိညာဉ်ကိုယ်ပွားတစ်ခုလို၊ကျွန်တော့်ဘဝရဲ့လက်တွဲဖော်တစ်ယောက်လို ဂရုစိုက်စောင့်ရှောက်ခဲ့ပေးသည့်ကျွန်တော်ရဲ့ချစ်ခြင်းမေတ္တာတရားတွေကို Bae ဘယ်တော့မှ မြင်မှာမဟုတ်ဘူး။Bae အတွက် ကျွန်တော်က စိတ်ရှုပ်ဖို့ကောင်းတဲ့အစ်ကိုတစ်ယောက်ထက် မပိုခဲ့ပါ။

မေမေပြောတဲ့ မေတ္တာပေးရင် မေတ္တာပြန်ရသည် ဆိုသည့်စကားကရော ဘယ်အချိန်မှာ ကျွန်တော်အတွက် ဖြစ်လာမှာလဲ။

အရွယ်ရောက်လာသည့်နှင့်အမျှ ကျွန်တော်ကို ရှောင်ဖယ်လာသောBae ကို ချဉ်းကပ်ရတာ အရမ်း ပင်ပန်းသည်။ဆယ်ကျော်သက်သဘာဝ ချစ်သူ၊ရည်းစားထားချင်သော Baeရဲ့အတွင်းစိတ်လေးကို ကျွန်တော် သိသည်။ဆုယောင်းဆိုတဲ့ကလေးမလေးကို Baeကြည့်တဲ့အကြည့်တွေ၊အပြုအမှု၊အပြောအဆိုတွေ၊ပြီးတော့ Baeရဲ့စိတ်ခံစားချက်တွေ ဒါတွေအားလုံးကို အစစ်အမှန်မဖြစ်ပါစေနဲ့ လို့ ညစဉ်ရက်ဆက် ဆုတောင်းနေမိသည်။ထို့အတူ တစ်ဖက်မိန်းကလေး ပြန်မကြိုက်လာအောင် Baeရဲ့ အားနည်းချက်တွေကိုလည်း ထုတ်ပြလိုက်ချင်သည်။Baeသာ ကျွန်တော့်လုပ်ရက်တွေ မမုန်းဘူးဆိုရင်ပေါ့။

MY BAE IS LIARWhere stories live. Discover now