Part 2

532 75 7
                                    

UNI...

ဒီရက်ပိုင်း အားကစားလေ့ကျင့်နေရပြီး အတန်းချိန်လည်း မှန်အောင်တတ်နေရသည်။မေမေက အဆင့်ကျသွားလျှင် သူများနှင့်မတူအောင် ဆူပူတတ်သည်။ချစ်ပေမယ့် ပညာရေးနှင့်ပတ်သတ်လာလျှင် အလိုမလိုက်ချေ။ကိုကိုမပြောနှင့်။ကျွန်တော်အရှေ့က ဖေဖေကာကွယ်ပေးလည်း မရ။

အဆင့်ကြောင့်နှင့် တစ်ခါအရိုက်ခံပြီးကတည်းက ထပ်ပြီး အဆင့်မကျရဲသည့်အထိ မေမေကို ကြောက်သည်။မေမေ ထားသည့်ကျူရှင်တတ်ပြီး စာပုံမှန်လုပ်ဖြစ်သည်။သို့‌သော် ကိုကိုလို စာမတော်။စာပုံမှန်လုပ်သောကျောင်းသားတစ်ဦးသာဖြစ်လေသည်။ထိုအရာကို မေမေဘက်က အားရမှုမရှိခဲ့ပေမယ့် ဖိအားတော့ မပေးချေ။

“ဂျောင်လေး ဒီနေ့ ကိုကို အိမ်လာလိမ့်မယ်။ စာမရတာရှိလျှင် ကိုကိုဆီ မေးလိုက်နော် ။ အားကစားကြောင့် ပင်ပန်းနေတယ်ဆို ကျုရှင်မတတ်နဲ့ဦး။ကိုကိုပဲ စာပြပေးလိမ့်မယ် ”

“ဟုတ်ကဲ့ ”

အမှန်တိုင်း ဝန်ခံထားသည့်အ‌ကျိုးကျေးဇူးကြောင့် ထင်သည်။မေမေက ကျူရှင်ပျက်သည်ကို မပူဆူ။ထိုအစား ကိုကိုဆီ စာမေးရန် ပြောလာသည်။

“ဒါဆို မေမေ ဈေးသွားဦးမယ်။ကျောင်းသွားရင် တံခါးသေချာပိတ်ခဲ့ဦး ”

“ဟုတ်ကဲ့”

ကျွန်တော့်မနက်ခင်းလေးက လှပခဲ့သည်။မေမေရဲ့ ဆူညံမှုနှင့် ကင်းလွတ်ပြီး ကျွန်တော်လုပ်ချင်ရာကို လုပ်ခွင့်ရခဲ့သည့်က ပျော်ရွှင်မှုဖြစ်ခဲ့လေ
သည်။ညက အ‌ရဲစွန့်ပြီး အားကစားပြိုင်ပွဲအကြောင်း ပြောခဲ့သည်က မှန်ကန်သောဆုံးဖြတ်ချက်ဟုတွေးကာ တစ်ယောက်တည်းပြုံးရင်း မေမေပြင်ပေးသည့်မနက်စာကို အားရပါးရစားပြီး ကျောင်းလာခဲ့သည်။

“ဂယောင်ဆူး !!”

ကျောင်းဝန်းထဲအရောက်၊အပြင်မှာလှမ်းခေါ်သောအသံဖြစ်သည်။လှည့်ကြည့်လိုက်တော့
စီနီယာမင်ဆော့က ခုန်ဆွဆွနှင့် ကျွန်တော်ဆီ ပြေးလာသည်။

“မင်း လမ်းလျှောက်တာ မြန်လိုက်တာ ”

ဆူပုတ်ပုတ်နှင့် စီနီယာစကားမှာ ပြုံးမိလျက်ပင်။

MY BAE IS LIARWhere stories live. Discover now