Part 28

134 26 0
                                    

UNI....

နှစ်ပတ်ဆိုသည့်အချိန်ကာလက တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့သည်။ကိုကိုက လက်ထပ်ပွဲနီးမှ အလုပ်တွေရှုပ်နေပြီး ကျွန်တော်ကိုပင် မေ့လျော့
နေခဲ့သည်။မေမေတို့ နယ်မှပြန်ရောက်လာကတည်းက သူ့အိမ်ကိုပြန်သွားသည့်ကိုကိုက ယနေ့အထိ ပေါ်မလာ။ဖုန်းဆက်ကြည့်တော့လည်း အလုပ်ရှုပ်နေသည်တဲ့လေ။ဇွတ်အတင်းလက်ထပ်ချင်ခဲ့သည့်လူက ကိုကိုဖြစ်ပြီး အခုမှ သူ မဟုတ်သလို ပြုမှုနေတော့ စိတ်ပျက်ရသည်။

ကိုကို့အချစ်က ယုံကြည်လို့မရဘူး။

ကိုကိုအား စိတ်ကောက်နေပေမယ့် မင်္ဂလာဖိတ်စာတစ်ချို့ကို ကျွန်တော်နှင့်လက်လှမ်းမှီရာ သူငယ်ချင်းတစ်ချို့ကို လှမ်းကမ်းကာ ဖိတ်ကြားခဲ့သည်။

ဆုယောင်းကို ပေးရန် ကျောင်းသို့ ယူသွားခဲ့ပေမယ့် အားတုန့်အားနားစိတ်နှင့် တွန့်ဆုတ်နေမိသည်။ဆုယောင်းက ကျွန်တော် အထင်မှားပြီး ချစ်ခဲ့ဖူးသူ။ကျွန်တော့်ရည်းစားဟောင်းဟုလည်း ဆိုနိုင်သည်။ထိုကဲ့သို့ မသေချာမရေရာသည့်ခေါင်းစဉ်အောက်က ကျွန်တော်တို့နှစ်ယောက်ရဲ့ပတ်သတ်ကြောင့်ထင်သည်။ အနေရခက်သည့်စိတ်၊ဝေခွဲရခက်သည့်စိတ်တွေနှင့် ဖိတ်စာလေးကို ကျောပိုးအိတ်လေးထဲမှာပဲ သိမ်းဆည်းထားဖြစ်သည့်က ကြာခဲ့ပြီ။ဒီနေ့ညနေတော့ အရဲစွန့်ပြီး ဆုယောင်းကို ဖိတ်စာပေးရန် ချိန်းဆိုလိုက်သည်။ဆိုင်ထဲမှာ စောင့်နေသောဆုယောင်းက ကျွန်တော်ထက် အရင် ကြိုရောက်နေပြီး ကျွန်တော်အတွက် ကော်ဖီနှင့်ကိတ်ပါ မှာထားပေးသည်။

ဖော်ရွေပြီးပြုံးပျော်နေသောဆုယောင်းကိုမြင်လေတော့ အရင်အတိုင်း မပြောင်းမလဲ အေးချမ်းမှုလေး ဝင်ရောက်လာသည်။အချစ်က နားလည်နေတာလား၊ကျွန်တော်ကပဲ နားလည်ရခက်နေတာလား တကယ်မသိတော့ဘူး။ဆုယောင်းအပြုံးတွေမြင်လျှင် သဘောကျနေတတ်ပြီး အဲ့ဒါ
အဖြူရောင်သံယောဇဉ်ကြိုးလေးတဲ့လေ။

ဆုယောင်းနှင့်လမ်းခွဲပြတ်ဆဲလိုက်ပေမယ့် ထူးခြားပြီး မခံစားရခဲ့ပါ။သို့သော် ကိုကိုဆီက အဆက်အသွယ်အဖြတ်ခံရလျှင် ရူးချင်လာပြီး ကိုကို့ကို စိတ်ပျက်မိသည်။ပါးစပ်က ချစ်တယ်ပြောပြီး တကယ်တမ်းကျတော့ ပစ်ထားရက်နိုင်သည်။သုံးရက်ဆိုသည့်အချိန်ကာလမှာ ကျွန်တော်ကိုမလွမ်းဘဲ နေနိုင်ခဲ့သည်။လက်ထပ်ပွဲကိုလည်း စိတ်မလှုပ်ရှားဘဲ နေနိူင်ခဲ့သည်။

MY BAE IS LIARWhere stories live. Discover now