UNI...
မျက်နှာနုနုလေးကို မထိရက်၊မကိုင်ရက်နှင့် ငေးကြည့်နေစဉ်မှာ ဆုပ်ကိုင်ထားသာလက်ကလေးက လှုပ်လာခဲ့သည်။အသက်မရှုအား မြတ်နိုးရသည့်နမ်စားလေးကို တဖွဖွခေါ်မိတော့ မျက်လုံးပင် မပွင့်လာသေးသည့်သူက မျက်ခုံးနှစ်ဖက် ထိလုမတတ်ကြုတ်သွားလေသည်။ဒီအပြုအမှုလေးက ကျွန်တော့်အသံကြောင့် စိတ်ရှုပ်သွားတာ ဖြစ်လေမလား။အတွေးတစ်ခုနှင့် ရူးချင်စိတ်ပေါက်သွားသည်။ထို့အတူ ထိုပုံရိပ်လေးက ကျွန်တော့်ရင်ကို ပူပြင်းသောမီးစနှင့် ထိုးနှက်လိုက်သကဲ့သို့ပင်။ဆုပ်ကိုင်ထားသည့်လက်သေးသေးလေးကို လွှတ်ချဖို့ တွေးလိုက်မိပေမယ့် ပိုမိုတင်းကြပ်စွာ ဖျစ်ညစ်ထားမိပြန်သည်။
ကိုကို့ဘဝမှာ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်တွေ မပြတ်မသားဖြစ်ရပြီ ။
«ဟင့် ကိုကို»
ညီးတွားရင်း သတိရလာသူက လက်ဖဝါးနုနုလေးနှင့် သူကိုဆုပ်ကိုင်ထားသောကျွန်တော့်လက်ဖဝါးကြီးကြီးတွေကို ပြန်လည်ဆုပ်ကိုင်လာသည်။မျက်လုံးလေးတွေက ငိုတော့မည့်အရိပ်အယောင်တွေ ဖုံးလွှမ်းနေပြီး လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာလေတော့ ဒီလူသားက ကျရှုံးရပြန်သည်။
« Bae ...ဘာဖြစ်လို့လဲ။သက်သာလား»
ပါးလေးပုတ်မေးလိုက်မှ မျက်လုံးလေးတွေပွင့်လာသည်။ပြီးတော့ မျက်တောင်လေးတွေ ခတ်ရင်း ကျွန်တော်ကို ကြည့်လာသည်။ကြည့်ရတာ အဖြစ်အပျက်တွေ နားလည်အောင် ကြိုးစားနေသည့်ပုံပင်။
«ခေါင်းရော မူးသေးလား»
«ဟင့်အင်း....ရေသောက်ချင်တယ်»
«ခဏလေး»
ရေခပ်တိုက်ရန်အတွက် ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသည့်လက်ကလေးကို ကျန်လက်တစ်ဖက်နှင့် အုပ်မိုးဆုပ်ကိုင်ပြီး အိပ်ရာဘေးမှာ ချလိုက်လေတော့ ကျွန်တော်ရဲ့လက်မကို မြဲဆန်စွာ ဆုပ်ကိုင်လာသည်။နွေးထွေးသောလက်ချောင်းလေးတွေရဲ့အထိအတွေ့က ကျွန်တော့်ရင်ကို အခုန်မြန်စေသည်။မချစ်ဘဲ။
ဒီလိုတွယ်တာနေသည့်က ကျွန်တော်ရဲ့လောဘကို ပိုတောက်လောင်စေတာ Bae မသိရိုး အမှန်ဟုတ်ရဲ့လား။