Part 16

211 43 13
                                    

UNI.....

မနက်မိုးလင်းသည့်အချိန်မှာ စောင်ပါးလေးတစ်ထည်က ကျွန်တော့်ကိုယ်ပေါ် ရောက်နေပြီး ခေါင်းအောက်မှာလည်း ခေါင်းအုံတစ်လုံး ရှိနေခဲ့သည်။မေမေ ရှိနေမည်အထင်နှင့် ထမင်းစားခန်းထဲ ဝင်ခဲ့တော့ မေမေအစား Baeကို မြင်လိုက်ရ၍ ဟင်းချတ်ပြုတ်နေသော Baeရဲ့နောက်ကျောလေးကို ငေးကြည့်နေမိသည်။ ငေးကြည့်ရုံလေးနှင့် ပိုင်ဆိုင်ချင်သည့်စိတ်က ကြီးစိုးလာတော့ ထိုနေရာမှာ ထွက်လာခဲ့ရသည်။ခါးသေးသေးလေးတွေကို ကျွန်တော့်လက်ဖဝါးကြီးကြီးတွေဖြင့် ဖျစ်ညစ်ပြီး ရင်ခွင်ထဲ ထည့်ထားပစ်လိုက်ချင်သည်။

မဖြစ်နိုင်သည့်စိတ်ကူးအိမ်မက်တွေဖြင့် ကျွန်တော် ရူးနှမ်းတော့မည်။အခုထိ Baeကို ပိုင်ဆိုင်ချင်သည့်စိတ်က ကြီးစိုးနေဆဲ။

အပေါ်ထပ်မှာ ရေချိုးပြီး အောက်ထပ်ကို ဆင်းလာခဲ့သော Baeက ‌ဖုန်းပြောနေပြီး မျက်နှာလေး
က ပြုံးရွှင်လျက် ပျော်နေသည်။မေးကြည့်စရာပင် မလိုပါ။ဆုယောင်းနှင့် ဖုန်းပြောနေတယ်ဆိုတာ ကျွန်တော် အတပ် သိသည်။

«ကိုကို »

ရေခဲသေတ္တာထဲမှာ ရေသန့်ဘူးကို  ထုတ်ယူနေစဉ် ကြားလိုက်ရသည့်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ Baeက ကိုယ်ပေါ်မှာ apron ကို အ‌လောတကြီးချွတ်နေပြီး တစ်ယောက်တည်း ပြာယာခတ်နေသည်။

«ဖယ်။ကိုကို ချွတ်ပေးမယ်»

ရေသန့်ဘူးကို စားပွဲပေါ်တင်ပြီး ချွတ်ရခတ်နေသည့်  ခါးစည်ကြိုးကို ဖြေပေးလိုက်သည်။ထိုအခါမှ Baeက ကျွန်တော်ဘက်လှည့်လာပြီး မော့ကြည့်လာသည်။

«ကျွန်တော် အပြင်သွားမလို့။
အဲ့ဒါ ကိုကို.. မေမေနဲ့ ပြန်မတိုင်ရဘူးနော်»

အရင်တစ်ပတ်ကအထိ တက္ကသိုလ်ကောင်းကောင်းတတ်ချင်တယ်ဆိုကာ ‌ကျူရှင်နှင့်ကျောင်း၊ကျောင်းနှင့်ကျူရှင် ကူးနေသည့်သူက Baeမှ ဟုတ်ရဲ့လား။

« Bae စာလုပ်ရဦးမယ် မဟုတ်လား»

«အေးဆေး အောင်တယ်။ကိုကိုသာ မေမေနဲ့ ပြန်မတိုင်ပြောနဲ့ »

အပေါ်ထပ်ကို လစ်ခနဲ့ပြေးသွားသောBaeဟာ ကျွန်တော့်အဝတ်အစားဗီရိုထဲမှာ သူနှင့်သင့်တော်ရာကို ဝတ်ပြီး အပြင်ထွက်သွားလေရဲ့။နောက်ဆုံးတော့ ကျွန်တော် သိလိုက်သည်။အရင်တစ်ပတ်က  စာကို အကြောင်းပြပြီး Bae ကျွန်တော်နှင့် ရှောင်ဖယ်နေတာဖြစ်သည်။

MY BAE IS LIARWhere stories live. Discover now