Part 17

202 43 4
                                    

UNI....

ကိုက်ခဲနေသည့်ခေါင်းကို ဖိနှိပ်ရင်း အိပ်ရာမှ
ထခဲ့သည်။ ရေချိုးခန်းတံခါးကို ဖွင့်ပြီး ရေပန်းအောက်မှာ ဇိမ်ခံနေစဉ် အာရုံထဲပေါ်လာသည်မှာ အိစက်လွန်းသောနှုတ်ခမ်းဖူးဖူးလေးရဲ့အထိအတွေ့ဖြစ်သည်။အရက်မူးသမားတစ်ယောက်အနေဖြင့် စိတ်ကူးယဉ်မိသောထိုမှတ်ဉာဏ်အပိုင်းအစတွေမှာတောင် နှုတ်ခမ်းဖူးဖူးလေးက သိပ်ကို အိစက်လွန်းသည်။ထပ်ခါတလဲလဲ ထိတွေ့မိ‌သော ညည်းသံလေးတောင် ထွက်လာခဲ့သည်။

ရင်ဘတ်ကို တွန်းကန်လာသည့်လက်သေးသေးလေးတွေကို ချုပ်နှောင်ပြီး အနမ်းမိုးသည်းမိတော့ Bae က ရင်ခွင်ထဲမှာ လူးလွန်း‌နေခဲ့သည်။ပုံမှန်စိတ်နှင့်သာဆို Baeကို အလျော့ပေးမိမှာဆိုပေမယ့် ညက အဖြစ်အပျက်တွေဟာ ကျွန်တော်ရဲ့ စိတ်ကူးယဉ်ကမ္ဘာမို့ အဆုံးထိ ရူးသွပ်ခဲ့သည်။

ဘာဖြစ်ဖြစ် ကျွန်တော်ဖန်တီးထားသောကမ္ဘာ‌ငယ်လေးမို့ အဆုံးထိ ရူးသွပ်ပိုင်ခွင့် ကျွန်တော်မှာ ရှိသည်။ Baeကို မြင်တိုင်း ပွေ့ဖက်နမ်းရှိုက်ချင်သည့်စိတ်ကို သိမ်းဆည်းထားရတာ နှစ်တွေကြာနေပြီ။တစ်ကြိမ်လောက်တော့ တကယ်လက်တွေ့ဘဝမှာ အကောင်အထည်ဖော်ချင်မိသည်။

ရေချိုးပြီးနောက်မှာ မေမေပြင်ပေးသည့်အမူးပြေဟင်းရည်ကို သောက်လိုက်သည်။ညက ကျွန်တော် အိမ်ကို ဘယ်လိုပြန်ရောက်လာလဲ စဉ်းစားမရ၍ မေမေကို မေးကြည့်လိုက်တော့
အငှားယာဉ် ခေါ်ခဲ့တာတဲ့လေ။တစ်ကြိမ်တစ်ခါမှ ညကလောက် သတိလွတ်သည့်အထိ မသောက်ခဲ့ဖူး။အငှားယာဥ်နှင့်ပတ်သတ်သည့်ဖုန်းနံပါတ် ကျွန်တော်မှာ မရှိခဲ့ပါ။

ညက ခေါ်ဆိုထားသောဖုန်းနံပါတ်တွေကို စစ်ကြည့်လိုက်တော့ Unknown Number မျိုးမရှိသလို၊ကားအငှားမောင်းသမားနှင့်ပတ်သတ်သည့် ဖုန်းနံပါတ်လည်း မရှိခဲ့ပါ။ညနေ (၆)နာရီမှာ မေမေနှင့်ဖုန်းပြောထားသည်က နောက်ဆုံးဖြစ်ပြီး ကျန်သည့်ဖုန်းနံပါတ်တွေက အလုပ်ကိစ္စနှင့်ပတ်သတ်သောဖုန်းနံပါတ်တွေဖြစ်၏။အနည်းငယ်ရှုပ်ထွေးသွားသောစိတ်ကြောင့် ကျစ်ဆုပ်ပြီး ဆံပင်တို့ကို ထိုးဖွပစ်လိုက်သည်။ညက
ဘာလို့ မှတ်ဉာဏ်တွေပျောက်သည့်အထိ မူးရူးသွားရတာလဲ။

MY BAE IS LIARWhere stories live. Discover now