Part 30

167 23 0
                                    

UNI.....

Honeymoon အတွက် ကိုကို ပြင်ဆင်ထားသောနေရာလေးက နမ်ဟယ်ခရိုင်၊ဂယောင်ဆန်းတောင်ပိုင်းမှာ တည်ရှိတဲ့ ဆာချော်န်းမြို့လေးဖြစ်သည်။‌ပင်လယ်ဒေသလေးဖြစ်သည့်အပြင် အပန်းဖြေဖို့ကောင်းသောနေရာလေးလည်းဖြစ်သည်။ခရီးမှ ရောက်၊ရောက်ချင်း စားသောက်ဆိုင်မှာ ပင်လယ်စာအဝစားလိုက်သည်။ဗိုက်ကား‌နေ၍
တည်ရမည့်နေရာ ရောက်လာခဲ့တော့ ကုတင်ပေါ် ခြေပစ်၊လက်ပစ်လဲချပစ်လိုက်သည်။ခရီးဆောင်အိတ်တွေ အပုံတပင်နှင့်ကိုကိုကတော့ အနောက်မှာပါလာပြီး အိတ်တွေကို နေရာချနေသည်။

ပထမက ‌ကားနှင့်လာမည့်ထင်၍
ကားမောင်းလိုင်စင်မရှိသည့်ကို နောင်တရကာ ကိုကို ပင်ပန်းမှာကိုလည်း တွေးကြောက်ခဲ့ရသေးသည်။ဆိုးလ်နှင့် လေးနာရီကျော်၊ငါးနာရီ ဝေးသောခရီးမို့ ကိုကို တစ်ယောက်တည်း ကားမောင်းရန် မလွယ်ကူပါ။တစ်ယောက်တစ်လှည့်မောင်းမှ တော်ရကျမည့်ခရီးဖြစ်သည်။သို့ပေမဲ့
အခုလို လေယာဉ်နှင့်လာခဲ့တော့ ၄၅မိနစ်အတွင်း ရောက်လာခဲ့အပြင် မနက်စာစားပြီး အနားယူနေရပြီ။

« Bae ခဏနားပြီး ပင်လယ်ဘက် သွားမလား »

«သွားကြမယ် ကိုကို ။ညနေ နေဝင်ဆည်းဆာ ကြည့်ချင်တယ်»

အိပ်ရာမှ ငေါက်ခနဲ့ထ၍ ပြောလိုက်သည်။ကိုကိုကတော့ သူ့အပေါ်ကုတ်အင်္ကျီကို ချွတ်ပြီး ကျွန်တော့်စကားကို ပြုံးလျက် နားထောင်နေသည်။

«ဒီမှာ လည်လို့ကောင်းတဲ့နေရာတွေ အများကြီးရှိတယ်။ကိုကိုတို့ ဖြည်းဖြည်းချင်း သွားလည်ကြရမယ်»

«ဟုတ်ကဲ့ »

ခေါင်းလေးငြိမ့်ပြီး ကိုကို့စကားကို နာခံလိုက်သည်။အရာအားလုံး ကိုကို့ဦးဆောင်မှုနောက်ရန် ဆုံးဖြတ်ပြီးကတည်းက ကိုကို့စကားတစ်ခွန်းဆို တစ်ခွန်း။မတော်လှန်ချင်တော့ပါ။

ချစ်၍၊မချစ်၍ဆိုသည်ထက် ကိုကိုအား ကျွန်တော်ရဲ့ခင်ပွန်းအဖြစ်သတ်မှတ်လိုက်သည့်ထိုနေ့ကတည်းက ကတိသစ္စာဆိုထားပြီးသား။
ကိုကို့ဘေးနားမှာ အေးတူ၊ပူအမျှ အမြဲရှိသွားမည်။ကိုကိုသည်သာ ကျွန်တော်ရဲ့အားကိုးရာဖြစ်ပြီး ကျွန်တော့်ဘဝရဲ့ ပဲ့ကိုင်ရှင်၊လမ်းပြကြယ်လေးဖြစ်သည်။အဲ့ဒီလမ်းပြကြယ်လေးက
ကျွန်တော့်ဘေးနားမှာ အမြဲတမ်း အရိပ်အကြည့်ကြည့်နှင့် ဂရုစိုက်ခဲ့သူမို့ ကျွန်တော့်အကြောင်း နောကြေအောင်သိသည်။ကျွန်တော့်အတွင်းစိတ်တွေကိုလည်း ဖောက်ထွင်းမြင်နိုင်သည့်သူဖြစ်လေသည်။

MY BAE IS LIARWhere stories live. Discover now