Part 11

289 49 14
                                    

UNI...

«ဂျောင်လေး မင်းကိုကို အခန်းကို သန့်ရှင်းရေး လုပ်ပေးလိုက်ဦး »

မေမေအပြောမှာ နှုတ်ခမ်းတွေ ဆူထော်သွားသည်။သူ့သားက အိမ်လည်လာတိုင်း သူ့အခန်း သူ အိပ်တာဆိုတော့လေ။

«မေမေ ကျွန်တော် မအားဘူး »

«မအားရအောင် ဘာလုပ်နေလို့လဲ »

«ပင်ပန်းလို့ အိပ်ချင်နေတယ် »

«ပြီးမှ အိပ်။အရင်ဆုံး သန့်ရှင်းရေး သွားလုပ်»

ကျောင်းပိတ်ရက်လေးမှာ ငြိမ်ငြိမ်မနေရတော့ စိတ်က မပျော်တော့။မေမေက အမြဲအဲ့လိုပဲ။ပိတ်ရက်ကို ကျွန်တော်ထက် ပိုမျှော်နေသလိုခံစားရသည်။

မေမေကို ပြန်မပြောရဲတာကြောင့် ကိုကို့အခန်းကို သန့်ရှင်းရေးလုပ်ရန် ထွက်လာခဲ့သည်။တံခါးဖွင့်ပြီး ဝင်ဝင်ချင်းမြင်လိုက်ရတဲ့ကိုကို့စာကြည့်စားပွဲလေးကို ကြည့်ပြီး ငိုင်ကျသွားသည်။အရင်က
ကိုကို့စားပွဲပေါ် နေရာယူထားတဲ့ကျွန်တော့်ငယ်ပုံလေးတွေဟာ ဘယ်ဆီရောက်သွားမှန်းမသိပါ။
အခန်းထဲက အပုံတွေအကုန် သိမ်းယူပြီးမှ ပျောက်ဆုံးနေသည့်အဖြစ်က ထူးဆန်းဖို့ကောင်း၏။ကိုကို့အိမ်ကအခန်းထဲမှာ ကျွန်တော့်ငယ်ပုံတွေဟာ ရှာမတွေ့။ကိုကို ဘွဲ့ယူတုန်းက ကျွန်တော်နှင့်တွဲရိုက်ထားသောအပုံတစ်ပုံသာ ရှိနေခဲ့သည်။

ကိုကိုကြောင့် ညစ်ညမ်းသွားသောစိတ်ကို အဝေးသို့ပို့ကာ သန့်ရှင်းရေး မြန်မြန်လုပ်ရသည်။
ဒါမှ မြန်မြန်အနားယူလို့ရမည်။

တစ်ပတ်တစ်ခါ ပုံမှန်သန့်ရှင်းရေးလုပ်နေသောအခန်းဟာ အများကြီးရှင်းလင်းစရာမလိုအောင် သန့်ရှင်းနေတာကြောင့် ဟိုဟို၊ဒီဒီရှင်းလင်းကာ ပြန်ထွက်လာခဲ့သည်။

« Oh  !!»

တံခါးဖွင့်လိုက်ချင်း ကိုကိုက ကျွန်တော်ကိုမြင်ပြီး ထိန့်လန့်သွားသည်။ကျွန်တော်ကတော့ ကိုကို့ကို မကြည့်သလို တစ်ချက်ကြည့်ပေးလိုက်သည်။ကျွန်တော်က အဲ့လောက် လန့်စရာကောင်းနေလို့လား။

«ဘာဖြစ်တာလဲ။သရဲတွေ့တာလည်း မဟုတ်ဘဲ»

စိတ်ပုတ်စွာ ပြောလိုက်တော့ အမှားသိသောကိုကိုက ကျွန်တော်ကို အသည်းအသန်ရှင်းပြရန် ကြိုးစားနေရှာသည်။ကိုကို လန့်တတ်တာကို သိပေမယ့် ကျွန်တော်ကတော့ စိတ်ဆိုးသည်။

MY BAE IS LIARWhere stories live. Discover now