Part 27

119 24 0
                                    

UNI .....

ကျောင်းအရှေ့အရောက် ထိုးရပ်သွားသောကားပေါ်က မဆင်းခင် Baeအား လက်ကောက်ဝတ်မှာဆွဲ၍ နှုတ်ခမ်းလေးကို ဖိကပ်ရုံလေးနမ်းရှိုက်လိုက်သည်။နူးညံ့သောနှုတ်ခမ်းတွေကို ဖိကပ်ရုံလေးနှင့် နှလုံးခုန်သံတွေမြန်လာတော့ ထိုနှုတ်ခမ်းသားရဲရဲလေးကို အမြန်လွှတ်ပေးလိုက်ရသည်။မဟုတ်ရင် ငိုတဲ့အထိ ခပ်ကြမ်းကြမ်းအနမ်းခြွေမိလိမ့်မည်။

ဖိကပ်ထားသည့်နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်သည့်နှင့် ကားတံခါးဖွင့်ပြီးဆင်းသွားတာများ တန်းနေရောပင်။ကြည့်။ဘယ်လောက်နမ်းနမ်း၊အရှက်သည်းနေတာ။ဒါကို ညီအစ်ကိုသံယောဇဉ်လုပ်နေပြန်ပါပြီ။

လုံးလုံးလေးနှင့်အသည်းယားစရာလေးကို
မြင်ကွင်းလေးမှာ ပျောက်ကွယ်သွားသည့်အထိ ငေးကြည့်ပြီးနောက်မှာ ကားစက်နိုးကာ အလုပ်ကို ထွက်လာခဲ့သည်။အလုပ်မလာဘူးဟု အတွင်းရေးမှူးကို ပြောခဲ့သော်လည်း Bae မရှိဘဲ အိမ်မှာတစ်ယောက်တည်းမနေချင်တာကြောင့် အလုပ်ကို သွားရန်ဆုံးဖြတ်လိုက်သည်။အလုပ်စားပွဲပေါ် ခေါင်းမဖော်တမ်းအလုပ်လုပ်နေသောအတွင်းရေးမှူးက တံခါးဖွင့်သံတောင်မကြားဘဲ အလုပ်အပေါ်အာရုံစိုက်နေသည်။စားပွဲခုံကို ခေါက်၍ ခေါ်လိုက်တော့ ပြူးကျယ်နေသောမျက်ဝန်းတွေဖြင့် ကြည့်လာသည်။

«ဒုဥက္ကဌက ပြောတော့ အလုပ်မလာဘူးဆို »

« ခဏ ဝင်လာတာ »

ခဏဆိုပေမယ့် တစ်ရက်စာအလုပ်တွေကို တကယ်တမ်းလုပ်ရသည့်အချိန်မှာ အချိန်ကုန်မှန်းမသိကုန်သွားခဲ့သည်။နေ့လည်စာကို ဆိုင်က, မှာစားပြီး ရုံးကန်တင်းပင် မသွားသည့်အထိ အလုပ်ထဲမှာ စိတ်နစ်ထားလိုက်သည်။ဒါပေမယ့် ညနေ(၄)နာရီအတိမှာ အလုပ်တွေအကုန်လုံးလက်စသတ်လိုက်သည်။မပြီးသည့်အလုပ်တွေကိုလည်း လက်ဆွဲအိတ်ထဲထည့်ကာ အလုပ်ဆင်းခဲ့သည်။မဟုတ်ရင် ကောက်ကွေးလေးက သူကို လာမကြိုဘူးဆိုပြီး ဘတ်စ်ကားစီးပြန်လာလိမ့်မည်။

ဖြေးဖြေးမှန်မှန်မောင်းလာသောကားလေးဟာ တက္ကသိုလ်အရှေ့မှာ ရပ်တန့်သွားပြီး ပြူးကျယ်နေသောမျက်ဝန်းတစ်စုံကလည်း ဟိုဟို၊ဒီဒီ မျက်စိစကားနေရသည်။နာရီကို ငုံကြည့်လိုက်၊ကျောင်းဝန်းထဲ မျက်လုံးကစားလိုက်လုပ်နေသောကျွန်တော်ဟာ မြင်လိုက်ရသည့်အရိပ်ကလေးနှစ်ခုကြောင့် လှုပ်ရှားမှုတွေရပ်တန့်သွားသည်။ထို့အတူ မေ့ထားသည့်ကိစ္စတွေကလည်း ခေါင်းထဲ အသံစုံမြည်လျက် အချက်ပေးလာသည်။ဆုယောင်းနဲ့ Baeက ချစ်သူတွေဖြစ်နေပြီ။ကျွန်တော် သိသည့်တိုင်အောင် လျစ်လျူရှုထားသောကိစ္စက ကျွန်တော်အရှေ့မှာ မျက်ဝါးထင်းထင်းမြင်လိုက်ရသည့်အချိန်မှာ တစ်နေ့ကုန်အလုပ်ထဲ စိတ်နစ်ထားသမျှက ကျွန်တော်ကို ပင်ပန်းနွမ်းလျသွားစေသည်။အားအင်တွေ ကုန်ခမ်းပြီး မလှုပ်ချင်တော့သည့်အထိ စိတ်ထိခိုက်နာကျင်စေသည်။

MY BAE IS LIARTahanan ng mga kuwento. Tumuklas ngayon