Part 7

384 66 48
                                    

UNI...

ကိုကိုတို့အိမ်က ထမင်းစားဖိတ်၍ ရောက်ခဲ့သော်လည်း ကိုကိုအရိပ်ကို ရှာမတွေ့ပါ။ဟိုနေ့က ကျွန်တော် အော်လိုက်တာကို စိတ်ဆိုးသွားလေသလား တွေးမိတော့ လူက ဆောက်တည်ရာမရ။မျက်လုံးတွေကို ဝေ့ပတ်ပြီး အိမ်တစ်ပတ်ပြည့်တဲ့အထိ လိုက်ရှာလည်း ကိုကို့အရိပ်ကိုပင် မတွေ့ရ။ဧည့်ခန်းမျက်နှာချင်းဆိုင်က ကိုကို့အခန်းလေးကို စိုက်ကြည့်လျက် တံခါးဖွင့်လာမဲ့အချိန်ကို တိတ်တဆိတ်မျှော်နေမိသည်။ဒီလောက်လေး အော်လိုက်တာကို စိတ်ဆိုးသွားရအောင် ကိုကိုက အရူးလား။စိတ်ဆိုးတိုင်း ပြောနေကျစကားကို လိုက်ခံစားနေသည်။

"သားကိုကိုက အပေါ်ထပ်မှာ .."

"အာ..ဟုတ်ကဲ့"

ကျွန်တော်ပုံစံက တအားသိသားသွားလေသလား။ကျွန်တော် မမေးခင် အလိုက်တသိဖြေလာသည့်ကိုကို့မေမေကို အားတုန့်အားနားနှင့် ပြုံးပြ၍ နေရာတွင် ငြိမ်သက်နေမိသည်။ကျွန်တော် ကိုကို့ကို သံယောဇဉ်ဖြတ်နေတာလေ။ဘာလို့ မသိစိတ်က ကိုကို့ကို ရှာဖွေနေရတာလဲ။

"မသွားဘူးလား"

မေမေ့စကားကို ကျွန်တော် ခေါင်းအသာရမ်း၍ ပြန်ဖြေလိုက်လေတော့ ကိုကို့မေမေက ကျွန်တော်ကို တရားခံစစ်သလို ကြည့်လာသည်။

"မဟုတ်မှ နှစ်ယောက်သား စိတ်ဆိုးထားကြတာလား"

"အဲ့လို မဟုတ်ပါဘူး"

"ယောလီလား..ဒီကလေးကို စိတ်ဆိုးမှာ..။ငါ့သားက စိတ်ကောက်တယ်ဆိုရင်လည်း (၁)စက္ကန့်မပြည့်သေးဘူး..လိုက်ချော့မှာ။စိတ်‌ကောက်မပြေမချင်း ဇွဲနဲ့ချော့နေမှာ "

မေမေရဲ့ရယ်သံတစ်ဝက်နှင့် အပြောကို ကိုကို့မေမေက ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံသည်။

"အငယ် မရှိတော့ နင့်သားကို သားက တအားခင်တွယ်နေတာ..ငယ်ငယ်ကတည်းက တစ်အိမ်တည်း အတူကြီးပြင်းလာတာလည်း ပါမှာပေါ့"

"ဟုတ်တယ်..ဟုတ်တယ်"

စကားတွေ ဖောင်ဖွဲ့နေတဲ့မေမေတို့ကြောင့် စိတ်ရှုပ်ထွေးကာ အိမ်ပြင်ဘက်ကို ထွက်လာခဲ့သည်။အခုအခြေအနေ ဘာလဲ။ကိုကိုက ကျွန်တော်ကို စိတ်ကောက်နေတာလား။ကျွန်တော်က ကိုကို့,ကို စိတ်ကောက်နေတာလား။လူက အတွေးများနေပြီး စိတ်မကောင်းဖြစ်လာသည်။အိမ်လည်လာတိုင်း ကိုကိုက အဖက်မလုပ်ဘူး။

MY BAE IS LIARWhere stories live. Discover now