Part 31

187 26 3
                                    

UNI....

UNCUT

အစီအစဉ်မရှိဘဲ ရောက်လာသောဟန်မြစ်ဘေးမှာ ရင်းနှီးသောခန္ဓာကိုယ်လေးအား တွေ့ပြီး အပျော်လွန်းကာ ပြေးလာခဲ့သည်။သို့သော် ကိုကိုက ကျွန်တော်ကို မမြင်ဖူးသောလူတစ်ယောက်ကို စူးစိုက်ကြည့်ကာ မတုန်မလှုပ် ထိုင်နေခဲ့သည်။ထို့ကြောင့် ကိုကိုအရှေ့မှာ လက်ကလေးဝှေ့ပြလိုက်သည်။မကြာပါ။ချက်ချင်းဆိုသလို မျက်လုံးတွေလှုပ်လာပြီး ကျွန်တော့်လက်ကို ဆွဲဆောင့်လိုက်သည့်က လျင်မြန်လွန်း၍ ရုန်းထွက်ချိန်မရလိုက်။ကိုကိုရင်ခွင်အောက်ကို မျက်လုံးအပြူးသားလေးနှင့် ရောက်သွားခဲ့သည်။ကိုကိုရဲ့ရီဝေဝေအကြည့်တွေမြင်ပြီး ဘေးဘက်ကို ဝေ့ပတ်ကြည့်လိုက်မှ သဘောပေါက်သွားသည်။မျက်လုံးထဲ ဝင်လာသည့်ဆိုဂျူပုလင်းတွေက ကိုကို အမူးလွန်နေပြီဆိုသည့်အကြောင်း အချက်ပြနေသည်လေ။

«ကိုကို အွတ်»

လျင်မြန်ပြီးသွက်လက်သောလှုပ်ရှားမှုတွေကြား ကျွန်တော်ကြောင်အ,ပြီး အတင်းဖိကပ်လိုက်သည့်ကိုကို့နှုတ်ခမ်းသားတွေကြားမှာ ရုန်းကန်ချိန် မရလိုက်။ဒါကို အခွင့်ကောင်းယူကာ လည်ပင်းသားတွေကို ကိုက်ခဲလာသည့်ကိုကိုဟာ သူ့လက်အကြီးကြီးတွေနှင့် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သတ်လာသည်။ထူးဆန်းသောခံစားချက်နှင့် ကြောက်စိတ်ကို အခြေပြုကာ ကိုကိုဆီမှာ အတင်းရုန်းကန်မိလေသည်။သို့သော် သန်မာနေသောကိုကို့လက်တွေကြား ပိတ်မိနေသည့်က နည်းနည်းမှ လှုပ်မရပေ။မဖြစ်ဘူးဆိုသည့်စိတ်နှင့် ဇွတ်ရုန်းလည်း မရ။အတင်းမရမကာယူနေသောကိုကိုက ကြောက်စရာကောင်းလွန်းလို့ ငိုရုံမှတစ်ပါး မတတ်နိုင်ခဲ့ပါ။

ကိုကို အရက်မူးလျှင် ဒီလိုမျိုး တွေ့ရလူနှင့် အတူနေသလား တွေးမိတော့ ရင်ဘတ်က တင်းကြပ်ပြီး ပူလောင်လာသည်။ကျွန်တော်ဆီက အရာအားလုံး လုယူနေသောကိုကို့နှုတ်ဖျားထက်မှာ တစ်ချက်တစ်ချက်ကြားရသော Bae ဟုဆိုသောခပ်တိုးတိုးညည်းညူးသံလေး ကျွန်တော့်ရင်ကို စူးမတတ်နာကျင်စေသည်။ကိုကိုက ကျွန်တော်ကို တန်ဖိုးမထားဘူး။ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း လုယူရက်သည်။

MY BAE IS LIARWhere stories live. Discover now